ဝါရှင်တန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှု ကုန်ကျစရိတ်ကို အာရပ်နိုင်ငံများမှ ကျခံစေရန်အတွက် အမေရိကန် သမ္မတ ထရမ့်က တိုက်တွန်းရန် ဆန္ဒရှိ‌ကြောင်း၊ ယင်းသည် ထရမ့်၏ ကိုယ်ပိုင်အတွေးတစ်ခုဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က မတ် ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာရပ်နိုင်ငံများက စစ်ပွဲကုန်ကျစရိတ်အား ပေးချေရန် ကူညီပေးမည်လော မေးခွန်းနှင့် စပ်လျဉ်း၍ Karoline Leavitt က “သူတို့က ဒီကိစ္စကို အကောင်အထည်ဖော်တာကို ထရမ့်အနေဖြင့် အလွန်စိတ်ဝင်စားပါလိမ့်မယ်” ဟု ယူဆကြောင်း၊ “ကျွန်မသိရသလောက် သူလည်း ဒီလိုအတွေးမျိုး ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် မကြာမီနောက်ပိုင်းမှာ သူကဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေ ပိုမိုရှိလာတာကို ရှင်တို့ကြားရမယ်လို့ ကျွန်မထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုသည် “အစီအစဉ်နှင့်အညီ လုပ်ဆောင်လျက်” ရှိကြောင်း၊ အမေရိကန်ဘက်အနေဖြင့် စစ်ရေးလှုပ်ရှားမှုကို “သီတင်းပတ် ၄ ပတ်ကနေ ၆ ပတ်” အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Karoline Leavitt က ပြောကြားခဲ့သည်။

လက်ရှိတွင် အီရန်က ရေနံသင်္ဘော အစင်း ၂၀ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းရန် သဘောတူညီပြီးဖြစ်ကြောင်း၊ “ဆက်လက်ပြီး ရက်အနည်းငယ်အတွင်းမှာ ကျွန်မတို့က နောက်ထပ် ရေနံသင်္ဘောအစင်း ၂၀ ထပ်တိုးတာကို ကြေညာဖို့ မျှော်မှန်းထားပါတယ်” ၊ ထို့ပြင် “ဒါက အမေရိကန်နဲ့ အီရန်အကြား လုပ်ဆောင်နေတဲ့ တိုက်ရိုက်နဲ့ တစ်ဆင့်ခံ ဆွေးနွေးညှိနှိုင်းမှု ရလဒ်ဖြစ်ပါတယ်” ဟု Karoline Leavitt က ပြောကြားခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်နှင့် ဆောလျင်စွာ သဘောတူညီချက်ရရှိရန် Karoline Leavitt က တိုက်တွန်းခဲ့ပြီး ထရမ့်အနေဖြင့် ဧပြီ ၆ ရက်ကို အီရန်နှင့် အမေရိကန် သဘောတူညီချက်ရရှိရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ “အချိန်က ရက်အနည်းငယ်ပဲကျန်တော့တယ်၊ ကျွန်မတို့အတူ စောင့်ကြည့်လိုက်ကြပါစို့” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်သည် မတ် ၂၆ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အီရန်စွမ်းအင်အဆောက်အဦများအပေါ် “ဖျက်ဆီးမည့်” လှုပ်ရှားမှုကို ၁၀ ရက် ရွှေ့ဆိုင်းမည်ဖြစ်ကာ သတ်မှတ်ထားသည့်ကာလကို အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ဧပြီ ၆ ရက် ၂၀ နာရီအထိ သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

—————–
(Chinese Version)
特朗普欲让阿拉伯国家为美国打伊朗埋单
新华社华盛顿3月30日电 美国白宫新闻秘书莱维特30日在记者会上说,美总统特朗普有意呼吁阿拉伯国家承担美对伊朗军事行动的费用,并称这是特朗普自己的一个想法。
被问及阿拉伯国家是否会协助支付战争费用时,莱维特表示,她认为特朗普“会非常有兴趣呼吁他们去落实这件事”,“据我所知,这是他确实有过的一个想法。而且我认为,你们随后会听到他就此发表更多言论”。
莱维特说,美国对伊朗的军事行动正“按计划进行”,美方仍维持军事行动将持续“4到6周”的说法。
莱维特称,目前伊朗已同意20艘油轮通过霍尔木兹海峡,“我们预计接下来几天将宣布再增加20艘油轮”,并称“这是美伊之间正在进行直接和间接谈判的结果”。
莱维特敦促伊朗尽快同美国达成协议,称特朗普已设定4月6日作为伊朗同美国达成协议的最后期限,“这一时间只剩几天了,让我们拭目以待”。
特朗普26日在社交媒体发文,宣布将对伊朗能源设施的“摧毁”行动推迟10天,期限延至美国东部时间4月6日20时。(完)
图说:3月30日,在美国首都华盛顿白宫,白宫新闻秘书莱维特出席记者会。新华社发(李源清摄)