ဝါရှင်တန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်တို့ စေ့စပ်ညှိနှိုင်းလျက်ရှိပြီး အီရန်ဘက်က “နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းကို ရာသက်ပန် စွန့်လွှတ်ရန် သဘောတူခဲ့ကြောင်း” အမေရိကန်သမ္မတ ထရမ့်က မတ် ၂၄ ရက်တွင် အိမ်ဖြူတော်၌ မီဒီယာများထံ ပြောကြားခဲ့သည်။ ယင်းမတိုင်မီ တစ်ရက်အလိုတွင် ထရမ့်က အမေရိကန်နှင့် အီရန် အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ဆိုခဲ့သည်။ သို့သော် ဤပြောဆိုချက်ကို အီရန်ဘက်က ချက်ချင်းပင် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
အမေရိကန်နှင့် အီရန် “စေ့စပ်ညှိနှိုင်းလျက်ရှိ” ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ဒုတိယ သမ္မတ ဂျေဒီဗန့်စ်တို့သည် ၎င်း၏ သားမက် Jared Kushner ၊ သမ္မတ၏ အထူးသံတမန် Steve Witkoff နှင့်အတူ ပါဝင်စေ့စပ်ညှိနှိုင်းခဲ့ကြကြောင်း ထို့နေ့က ထရမ့်က ပြောကြားခဲ့သည်။ အမေရိကန်ဘက်၏ ဦးစားပေးတောင်းဆိုချက်မှာ အီရန်အနေဖြင့် “နျူကလီးယားလက်နက်ကို လုံးဝပိုင်ဆိုင်၍မရခြင်း” ဖြစ်ကြောင်း၊ “နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းကို ရာသက်ပန် စွန့်လွှတ်မည်ဖြစ်ကြောင်း ၎င်းတို့ အတိအလင်း သဘောတူခဲ့သည်” ဟူ၍ ၎င်းက ဆိုခဲ့သည်။
“ကျွန်တော်တို့ အခု မှန်ကန်တဲ့လူနဲ့ ပြောဆိုဆက်ဆံနေတယ်” ၊ “ကျွန်တော့်အမြင်မှာတော့ သူတို့ ယုံကြည်စိတ်ချရပါတယ်” ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်က အီရန်နှင့်အတူ ဆွေးနွေးမှုပြုလုပ်ခဲ့ရာ သဘောတူညီမှု အဓိကအချက်များ ဖြစ်ပေါ်လာခဲ့သည်ဟု ထရမ့်က မတ် ၂၃ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ သို့သော် အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် (Mohammad Bagher Ghalibaf) က ထိုနေ့တွင်ပင် လူမီဒီယာ၌ ပို့စ်ရေးသား၍ အမေရိကန်နှင့် မည်သည့်စေ့စပ်ညှိနှိုင်းမှုမျှ လုပ်ဆောင်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။ သတင်းအတုများ ဖြန့်ဝေရခြင်း ရည်ရွယ်ချက်မှာ အမေရိကန်နှင့် အစ္စရေးနိုင်ငံက ၎င်းတို့၏ အကျပ်အတည်းမှ လွတ်မြောက်စေရန်အတွက် ငွေကြေးနှင့် ရေနံဈေးကွက်များကို ခြယ်လှယ်ရန်ဖြစ်သည်ဟု ဂါလီဘတ်ဖ်က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
无视伊朗否认 特朗普再称美伊正在谈判
新华社华盛顿3月24日电 美国总统特朗普24日在白宫对媒体说,美国和伊朗正在进行谈判,伊朗方面已“同意将永远放弃拥有核武器”。此前一天,特朗普称,美伊进行了对话。但这一说法随即遭伊朗方面明确否认。
特朗普当天称,美伊“正在谈判中”,美国国务卿鲁比奥和副总统万斯正同他的女婿库什纳、总统特使威特科夫一起参与谈判。他称,美方的首要条件是伊朗“绝不能拥有核武器”,“他们已经明确表示同意,将永远放弃拥有核武器”。
特朗普还说,“我们正在与正确的人打交道”,“在我看来是值得信赖的”。
特朗普23日对媒体说,美国同伊朗进行了对话,已形成协议要点。但伊朗伊斯兰议会议长卡利巴夫23日在社交媒体发文,否认与美国进行任何谈判。卡利巴夫称,散布“虚假新闻的目的是操纵金融和石油市场,以此让美国和以色列摆脱其深陷的泥潭”。(完)
图说:1月20日,在美国首都华盛顿白宫,美国总统特朗普出席记者会。新华社发(李源清摄)
အီရန်၏ ငြင်းဆိုမှုကို လျစ်လျူရှုပြီး အမေရိကန်နှင့် အီရန် စေ့စပ်ညှိနှိုင်းလျက်ရှိသည်ဟု ထရမ့် ထပ်မံ ပြောကြား
MORE NEWS

အန်ဆယ်လော့တီ ဘရာဇီးအသင်းမှ ထွက်ခွာရမည်ဟု ရိုမာရီယို ပြော
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဘရာဇီးအသင်း တိုက်စစ်မှူးဟောင်း ရိုမာရီယိုက ဘရာဇီးအသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့ပြီး အသင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းမှာ အရှက်ရစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။အန်ဆယ်လော့တီ၏ စာချုပ်သက်တမ်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ကျန်ရှိနေသော်လည်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်၌ ဘရာဇီးအသင်းက နော်ဝေအသင်းကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုပါ အီတလီနိုင်ငံသား နည်းပြ၏ အနေအထားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့သည်။"သူ ဘရာဇီးအသင်းနည်းပ
Read Full Story

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကမ်းရိုးတန်းဒေသတစ်လျှောက် ဘာဗီ (Bavi) တိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုရှိ
Read Full Story

“တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆမှာ မှန်ကန်မှုမရှိကြောင်း သိသာဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ကွန်တိန်နာဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကုန်တင်ကုန်ချလုပ်ဆောင်ရာဧရိယာကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းရည်သည် အနောက်နိုင်ငံများကို “ရိုက်ခတ်” ခဲ့ရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာများကိုပါ “တိုးဝှေ့နေရာယူသည်” ဟု စွပ်စွဲထားသည့် နိုင်ငံတကာမီဒီယာအချို့ လတ်တလော ဖော်ပြခဲ့သော “တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခ
Read Full Story

တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ချိုမိုလန်းမားတောင်ပေါ်ရှိ အိုဇုန်းဓာတ်ငွေ့ပမာဏ ဒေါင်လိုက်ပျံ့နှံ့တည်ရှိမှုကို လေ့လာစောင့်ကြည့်ရာတွင် အောင်မြင်မှုတစ်ရပ်ရရှိခဲ့
SHIGATSE ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)တရုတ်သိပ္ပံပညာရှင်များသည် အဆင့်မြှင့်တင်ထားသည့် ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သော တောင်ပံပုံသေတပ်ဆင်ထားသည့် ဟိုက်ဘရစ်ဒရုန်းတစ်စင်းကို အသုံးပြုကာ ချိုမိုလန်းမားတောင်တန်းဒေသတွင် မြေပြင်မှ အမြင့် ၈,၈၆၁ မီတာအထိ လေထုထဲက အိုဇုန်းဓာတ်ငွေ့ပမာဏအား ဒေါင်လိုက်တိုင်းတာမှုကို ပထမဆုံးအကြိမ် ပြီးမြောက်အောင်ခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………………..(English Version) Chinese team makes breakthrough in observing vertical ozone distribution over Mount Qomolangma Chinese scienti
Read Full Story

တရုတ်နိုင်ငံမှ လှံတံပစ်အားကစားမယ် Yan Ziyi က မိုနာကို ဒိုင်းမွန်းလိဂ်ချန်ပီယံဆုကို လေးကြိမ်ဆက်တိုက်ဆွတ်ခူး
ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲအတွင်း ပါဝင်ယှဉ်ပြိုင်နေသည့် ယန်ကျစ်ရည် ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပဲရစ်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)ဇူလိုင် ၁၀ ရက်က မိုနာကိုနိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ် ဒိုင်းမွန်းလိဂ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက် လှံတံပစ်အားကစားမယ် ယန်ကျစ်ရည်က ၎င်း၏ လေးကြိမ်ဆက်တိုက်ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြင့် ၂၀၂၆ ခုနှစ် ဒိုင်းမွန်းလိဂ်ရာသ
Read Full Story

ရှင်းကျန်းဒေသရှိ မြို့တစ်မြို့တွင် အပူချိန် စံချိန်တင်မြင့်တက်မှုကြောင့် အပူဒဏ်လျှော့ချရေး အစီအမံများ ချမှတ်ဆောင်ရွက်
ထူလူဖန်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မကြာသေးမီက ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ထူလူဖန်းမြို့တွင် အပူချိန်သည် ၄၉.၁ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ထိုသို့ ပြင်းထန်လှသော နွေရာသီအပူဒဏ်ကို အန်တုနိုင်ရန်အတွက် ၎င်းဒေသတွင် အပူဒဏ်လျှော့ချရေး အစီအမံများစွာကို ချမှတ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)……………………………………..(English Version) City in Xinjiang rolls out cooling measures as temperatures hit record high Turpan in Xinjiang saw temperatures soar to a record 49.1 degrees Cel
Read Full Story

“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော “ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ရှန်ဟိုင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)“ခန်းမနီဖိုရမ် အဆင့်မြင့်တွေ့ဆုံမေးမြန်းမှု - နှစ်တစ်ရာ နိုင်ငံရေးပါတီကြီး ကာလကြာရှည်စွာ စီမံအုပ်ချုပ်မှု၏ soft power” နိုင်ငံတကာဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၄၀ မှ သံတမန်၊
Read Full Story

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများက အင်တိုက်အားတိုက် ပါဝင်ကူညီ
ကွမ်ရှီး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)မေဆတ် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးဒေသရှိ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးရန်အတွက် လူတန်းစားအလွှာအသီးသီးမှ ပြည်သူများသည် ဒရုန်းများနှင့် လှေငယ်များ ကိုယ်စီယူဆောင်လာကာ ရှေ့တန်းမှ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည်။ (Xinhua)……………………………………..(English Version) Volunteers power flood rescue efforts in south China's GuangxiIn the wake of Typhoon Maysak, people of many walks of life have stepped forward with drones and sma
Read Full Story
‹
1
2
...
290
›
