နယ်သာလန်နိုင်ငံမှ ခရီးသွားဧည့်သည်နှစ်ဦးက တရုတ်နိုင်ငံ ပေကျင်းမြို့ ရှို့ဆွေလမ်းအဆောက်အအုံတွင် “ပေကျင်း လက်ဆောင်” အထိမ်းအမှတ်ပစ္စည်း ရွေးချယ်ဝယ်ယူနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြည်ဝင် ခရီးသွားဧည့်သည် အကြိမ်ရေ ၂,၆၆၇,၀၀၀ စုစုပေါင်းလာရောက်လည်ပတ်ခဲ့ရာ ယမန်နှစ်ကာလတူထက် ၃၅.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပြည်ဝင် ခရီးသွားလည်ပတ်မှု အရှိန်အဟုန်မှာ စဉ်ဆက်မပြတ် မြင့်တက်လျက်ရှိသည်။
မေ ၁၁ ရက်အထိ ပေကျင်းပြည်ဝင်၊ ပြည်ထွက်ဂိတ်မှ နိုင်ငံခြားသား ပြည်ဝင်၊ ပြည်ထွက် အကြိမ်ရေမှာ ၂,၅၅၀,၀၀၀ ကျော်ရှိခဲ့ပြီး ပြည်ဝင်၊ ပြည်ထွက် လူဦးရေစုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းရှိခဲ့ရာ ယမန်နှစ်ကာလတူထက် ၃၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ယင်းအနက် ဗီဇာကင်းလွတ်ခွင့်နှင့် ယာယီပြည်ဝင်ခွင့်မူဝါဒဖြင့် နိုင်ငံခြားသားပြည်ဝင်လာမှု အကြိမ်ရေမှာ ၉၅၇,၀၀၀ ရှိရာ ပြည်ဝင် နိုင်ငံခြားသား စုစုပေါင်းဦးရေ၏ ၇၀.၈ ရာခိုင်နှုန်း ရှိကြောင်း၊ ပြည်ဝင်သည့် အကြောင်းရင်းများတွင် လည်ပတ်အပန်းဖြေခြင်း၊ စီးပွားရေး ကူးလူးဖလှယ်ခြင်းနှင့် ဆွေမျိုးမိတ်ဆွေများထံ သွားရောက်လည်ပတ်ခြင်းတို့က အဓိက ဖြစ်ကြောင်း သိရသည်။ (Xinhua)
..........................
(Chinese Version)
北京:入境游热度持续攀升
新华社照片,北京,2026年6月2日
2026年1至5月份,北京市共接待入境游客266.7万人次,同比增长35.3%,入境游热度持续攀升。
截至5月11日,北京口岸入出境外国人超255万人次,占出入境人员总量的32%,同比增长33.6%,其中享受免签和临时入境许可政策入境的外国人达95.7万人次,占入境外国人总数的70.8%。入境需求以观光旅游、商务交流、探亲访友为主。
图说1:6月1日,两位来自荷兰的游客在北京秀水街大厦选购“北京礼物”纪念品。 新华社记者 鞠焕宗 摄
图说2:外国游客在北京天坛公园参观游览(5月12日摄)。新华社记者 鞠焕宗 摄
图说3:在北京天坛公园,一名外国游客在使用中国品牌口袋相机拍摄(5月2日摄)。新华社记者 鞠焕宗 摄








