ပဲရစ်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ဇွန် ၄ ရက်က ယှဉ်ပြိုင်ခဲ့သည့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲစဉ်၌ မီယာရာ အန်ဒရီဗာ (ဆီဒင်-၈) က မာတာ ကော့စ်ယုခ် (ဆီဒင်-၁၅) ကို ၆-၁၊ ၆-၃ ဖြင့် အနိုင်ယူကာ ဂရင်းစလင်း ပြိုင်ပွဲကြီးတစ်ခုတွင် ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သလို လက်ရည်စစ်ပွဲမှတစ်ဆင့် တက်လာခဲ့သည့် မာဂျာ ချဝါလင်စကာကလည်း အံ့အားသင့်ဖွယ် တောက်လျှောက်လက်စွမ်းပြလျက်ရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
အသက် ၁၉ နှစ်အရွယ် အန်ဒရီဗာမှာ ၂၀၂၂ ခုနှစ် ပြင်သစ်အိုးပင်း၌ ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် ကိုကိုဂေ့ါဖ်နောက်ပိုင်း ဂရင်းစလင်းပြိုင်ပွဲတွင် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် အသက်အငယ်ဆုံး တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အန်ဒရီဗာမှာ ပွဲအစကတည်းကပင် လက်ရည်အသာစီးဖြင့် စိုးမိုးထားနိုင်ခဲ့ပြီး ပွဲကစားချိန် ၁ နာရီနှင့် ၁၆ မိနစ်အတွင်း အနိုင်ရရှိခဲ့ကာ ယခင်လက မက်ဒရစ်အိုးပင်းတွင် ကော့စ်ယုခ်ကို နှစ်ပွဲပြတ် အရေးနိမ့်ခဲ့သည့် ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သည်။
"ဒီနေ့ ကျွန်မရဲ့ကစားပုံကို တော်တော်လေး အားရကျေနပ်မိတယ်" ဟု အဆိုပါ ရုရှားတင်းနစ်မယ်က ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ "ပြီးတော့ မက်ဒရစ်အိုးပင်း ဗိုလ်လုပွဲတုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့တဲ့အတွက်လည်း ကျွန်မ ဝမ်းသာပါတယ်။ ဒါက ကျွန်မအတွက် ပထမဆုံး ဂရင်းစလင်းဗိုလ်လုပွဲ ဖြစ်တဲ့အတွက်လည်း ဝမ်းသာပါတယ်။ အဲဒီခံစားချက်တွေအားလုံး ပေါင်းဆုံနေတာပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။
အန်ဒရီဗာက ယခုရာသီ၌ မြေစေးကွင်းတွင် ၁၇ ပွဲ အနိုင်ရကာ ရှုံးပွဲလုံးဝမရှိဘဲ ဆီမီးဖိုင်နယ် တက်ရောက်လာသည့် ပြိုင်ဘက်ဖြစ်သူကိုလည်း ချီးကျူးခဲ့သည်။
"ဒီပွဲစဉ်ကို ယှဉ်ပြိုင်ဖို့ ကျွန်မ တော်တော်လေး စိတ်လှုပ်ရှားနေခဲ့တယ်။ သူက မယုံနိုင်စရာကောင်းတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ထားတယ်လေ။ ဒီပွဲစဉ်မတိုင်ခင်အထိ သူ မြေစေးကွင်းမှာ တစ်ပွဲမှမရှုံးခဲ့ဘူး။ အဲဒါက ကျွန်မအတွက် ဖိအားတွေအများကြီးဖြစ်စေတယ်လေ။ သူက သိပ်တော်တဲ့ကစားသမားတစ်ယောက်၊ သိပ်ကိုရင်ဆိုင်ရခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ပါ။ ပဲရစ်မှာ ကစားရမယ့် ဗိုလ်လုပွဲအတွက် ကျွန်မ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်" ဟု ၎င်းက ပြောသည်။
ကမ္ဘာ့အဆင့်-၁၁၄ ချဝါလင်စကာမှာ ဒီယာနာ ရှနိုက်ဒါ (ဆီဒင်-၂၅) ကို ၇-၆ (၄)၊ ၆-၄ ဖြင့် အနိုင်ယူကာ Open era ၌ လက်ရည်စစ်ပွဲမှတစ်ဆင့် ဂရင်းစလင်းပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်၌ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည့် ဒုတိယမြောက် ကစားသမားဖြစ်လာပြီးနောက် အန်ဒရီဗာမှာ ခေတ်သစ် ဂရင်းစလင်းပြိုင်ပွဲ သမိုင်းတွင် ထင်မှတ်မထားဆုံး ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ဘယ်သန်ကစားသမားဖြစ်သည့် အဆိုပါ ပိုလန်တင်းနစ်မယ်မှာ လက်ရည်စစ်ပွဲသုံးပွဲ အပါအဝင် ပဲရစ်၌ ၉ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။
ချဝါလင်စကာအနေဖြင့် ၂၀၂၁ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် လက်ရည်စစ်ပွဲမှတစ်ဆင့် တက်လာပြီး အနိုင်ရဗိုလ်စွဲခဲ့သည့် အမ်မာ ရာဒူကာနူ၏ အောင်မြင်မှုကို လိုက်မီနိုင်ရန် နိုင်ပွဲတစ်ပွဲသာ လိုတော့သည်။
"ပွင့်ပွင့်လင်းလင်းပြောရရင် အိပ်မက်တစ်ခုလိုပဲ ခံစားရပါတယ်။ ဘာတွေဖြစ်သွားမှန်းတောင် ကျွန်မ မသိပါဘူး။ ကျွန်မ ဘာပြောရမှန်းမသိတော့လို့ တောင်းပန်ပါရစေ။ ကျွန်မ သိပ်ပျော်ပါတယ်" ဟု ချဝါလင်စကာက ပြောသည်။ (Xinhua)
..................
(English Version)
French Open: Andreeva reaches first Grand Slam final, qualifier Chwalinska continues dream run
PARIS, June 5 (Xinhua) -- Eighth seed Mirra Andreeva advanced to her first Grand Slam final on Thursday, defeating 15th-seeded Marta Kostyuk 6-1, 6-3 at the French Open, while qualifier Maja Chwalinska continued her remarkable run by reaching the championship match.
At 19, Andreeva became the youngest women's singles Grand Slam finalist since Coco Gauff reached the French Open final in 2022.
Andreeva dominated from the beginning and wrapped up victory in an hour and 16 minutes, revenging the loss in the Madrid final last month, where Kostyuk had beaten her in straight sets.
"I'm just super happy with the way I played today," said the Russian. "Then I'm happy I got revenge from the Madrid final, then I'm happy as well that I'm in my first Grand Slam final. All of these feelings have combined."
Andreeva praised her rival who entered the semifinal with a 17-0 record on clay this season.
"I was very nervous coming into this match. Obviously, she's had an amazing season. Until this match, she hadn't lost a match on clay. That brought a lot of pressure. She's an amazing player, very tough opponent. I'm very excited about the last match in Paris."
Andreeva will face one of the most unexpected finalists in recent Grand Slam history after world No. 114 Chwalinska defeated 25th-seeded Diana Shnaider 7-6 (4), 6-4 to become only the second qualifier in the Open era to reach a women's Grand Slam final.
The Polish left-hander has now won nine consecutive matches in Paris, including three in qualifying.
Chwalinska is one win away from matching the feat achieved by Emma Raducanu, who won the 2021 U.S. Open as a qualifier.
"I mean, [it feels] like a dream, honestly. I don't know what's going on," she said. "I don't know what to say, I'm sorry. I'm just very happy."
English Caption 1
Mirra Andreeva serves during the women's singles semifinal match between Marta Kostyuk of Ukraine and Mirra Andreeva of Russia at the French Open tennis tournament at Roland Garros, Paris, France, June 4, 2026. (Xinhua/Wu Huiwo)
English Caption 2
Mirra Andreeva celebrates after the women's singles semifinal match between Marta Kostyuk of Ukraine and Mirra Andreeva of Russia at the French Open tennis tournament at Roland Garros, Paris, France, June 4, 2026. (Xinhua/Wu Huiwo)
English Caption 3
Maja Chwalinska hits a return during the women's singles semifinal match between Maja Chwalinska of Poland and Diana Shnaider of Russia at the French Open tennis tournament at Roland Garros, Paris, France, June 4, 2026. (Xinhua/Wu Huiwo)








