တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့ ဖိန်ဆန်းခရိုင် ရှီးပိုင်ဖော်မြို့နယ် ပေကျွမ်းကျေးရွာသားများက ပိတ်ဖိနပ် ပြုလုပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရှီးပိုင်ဖော၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
၁၉၄၃ ခုနှစ် ဇွန်လတွင် တရုတ်နိုင်ငံ အနောက်မြောက်စစ်မြေပြင် ဝန်ဆောင်မှုအဖွဲ့သည် တော်လှန်ရေးတိုက်ပွဲကို ပါဝင်ဆင်နွှဲရန် တရုတ်နိုင်ငံ ဟဲပေပြည်နယ် ရှီကျားကျွမ်းမြို့ ဖိန်ဆန်းခရိုင်လေးသို့ ရောက်ရှိလာကြရာ အနုပညာဝန်ထမ်းများက ပေကျွမ်းကျေးရွာလေးတွင် “စည်းလုံးခြင်းသည် အင်အား” ဟူသော တေးသံသာအော်ပရာပြဇာတ်နှင့် တေးသီချင်းကို ဖန်တီးခဲ့ကြသည်။
ယခုနှစ်များတွင်မူ ယင်းဒေသက ပေကျွမ်းပိတ်ဖိနပ် စသည့် အမှတ်တံဆိပ်များကို မိတ်ဆက်ပေးခဲ့ရာ ဒေသခံအမျိုးသမီးများကို အလုပ်အကိုင်ရရှိစေသည်။ ရိုးရာလက်မှုပညာဖြင့် ဖန်တီးပြုလုပ်သော ပိတ်ဖိနပ်ကို E-commerce ပလက်ဖောင်းများ၊ ခရီးသွားဈေးဝယ်ခြင်း စသည့် နည်းလမ်းဖြင့် ရောင်းချခဲ့ရာ ဒေသခံလူထုအား ဝင်ငွေတိုးကြွယ်ဝစေလျက်ရှိသည်။(Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
西柏坡镇北庄村:布鞋产业助农增收
新华社照片,西柏坡(河北),2026年6月12日
1943年6月,西北战地服务团来到平山县参加革命斗争,文艺工作者在北庄村创作了歌剧和同名歌曲《团结就是力量》。近年来,当地推出北庄布鞋等品牌,吸纳当地妇女就业,用传统手工技艺制作布鞋,并通过电商平台、旅游购物等方式进行销售,助力当地群众增收致富。
1. 6月12日,河北省石家庄市平山县西柏坡镇北庄村村民在制作布鞋。新华社记者 邢广利 摄








