
ပေကျင်း၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံးသည် ဖိတ်ကြားချက်အရ ဇွန် ၁၆ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် အာဖရိက အီဘိုလာရောဂါ ကိုင်တွယ်စီမံခြင်းဆိုင်ရာ အဆင့်မြင့်အစည်းအဝေးအား တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
အစည်းအဝေးတွင် လျိုကော်ကျုံးက သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အရေးကြီးအယူအဆနှင့် လူသားမျိုးနွယ် ကျန်းမာရေး အသိုက်အဝန်း တည်ဆောက်ရေး အဆိုပြုချက်များသည် နိုင်ငံတကာ ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဦးတည်ချက် လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နှင့် အာဖရိကသည် အစဉ်အမြဲ အေးအတူပူအမျှ အသိုက်အဝန်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကသမဂ္ဂထံသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ ကွန်ဂိုနိုင်ငံ (DRC) ထံသို့လည်း ဆေးကုသရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ စေလွှတ်ပေးခဲ့ရာ ဆေးကုသရေးအဖွဲ့ ကျွမ်းကျင်ဝန်ထမ်း ၁,၀၀၀ နီးပါးသည် အာဖရိကပြည်သူများနှင့်အတူ ပခုံးချင်းယှဉ်၍ ရောဂါတိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် မူဘောင်အတွင်း၌ တရုတ်-အာဖရိက ကျန်းမာရေးမိတ်ဖက် လှုပ်ရှားမှုအား ကောင်းမွန်စွာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ အာဖရိကထံသို့ ပိုမိုများပြားသည့် ပံ့ပိုးကူညီမှုများ ထောက်ပံ့ပေးရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါအဆင့်မြင့်အစည်းအဝေးကို အာဖရိကသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌ၊ ဘူရွန်ဒီနိုင်ငံ သမ္မတ Evariste Ndayishimiye မှ ကြီးမှူးကျင်းပခဲ့ပြီး တောင်အာဖရိက၊ အီကွေတာဂီနီ၊ ဇင်ဘာဘွေ စသည့် အာဖရိကနိုင်ငံ ၁၀ နိုင်ငံကျော်မှ နိုင်ငံခေါင်းဆောင်နှင့် အစိုးရအကြီးအကဲများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စသည့် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း၊ အာဖရိကဒေသ ပြင်ပမိတ်ဖက် ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်ခဲ့သည်။ (Xinhua)
#China #Ebola #Africa #တရုတ် #အီဘိုလာရောဂါ #အာဖရိက
--------------------------------------------------------------------------------------
(Chinese Version)
刘国中出席非洲应对埃博拉疫情特别视频峰会并致辞
新华社银川6月16日电(记者邹欣媛)6月16日,中共中央政治局委员、国务院副总理刘国中应邀出席非洲应对埃博拉疫情特别视频峰会并致辞。
刘国中表示,习近平主席提出构建人类命运共同体重要理念,倡导构建人类卫生健康共同体,为国际抗疫合作指明了方向。中非从来都是命运共同体。中方已向刚果(金)和非洲联盟提供紧急人道主义援助,向刚果(金)派遣医疗专家组,近千名医疗队专业人员会同非洲民众并肩抗疫。中方将在中非合作论坛框架内,落实好中非卫生健康伙伴行动,呼吁国际社会加强团结合作、向非洲提供更多支持。
峰会由非盟轮值主席、布隆迪总统恩达伊施米耶主持,南非、赤道几内亚、津巴布韦等十余个非洲国家元首和政府首脑,以及世界卫生组织等国际和地区组织、非洲域外伙伴代表等参会。(完)
图说1、2:6月16日,中共中央政治局委员、国务院副总理刘国中应邀出席非洲应对埃博拉疫情特别视频峰会并致辞。 新华社记者 王鹏 摄









