တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှိုးနင်ခရိုင် ဟိုင်ယန်မြို့နယ် ရှီရန်ကျေးရွာတွင် လုပ်ငန်းတည်ထောင်သူလူငယ် ကျိန့်ဟွေ့က ကောက်ညှင်းထုပ် ထုပ်မည့် ဝါးရွက်များအား ခူးဆွတ်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှိုးနင်ခရိုင် ဟိုင်ယန်မြို့နယ် ရှီရန်ကျေးရွာတွင် လုပ်ငန်းတည်ထောင်သူလူငယ် ကျိန့်ဟွေ့က ကောက်ညှင်းထုပ် ထုပ်မည့် ဝါးရွက်များအား ခူးဆွတ်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှိုးနင်(အန်းဟွေး)၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှိုးနင်ခရိုင် ရှီရန်ကျေးရွာ၊ ရှီးထျန်ကျေးရွာ စသည့် နေရာများတွင် ကျေးရွာသူ၊ ကျေးရွာသားများက တွမ်းဝူပွဲတော် ဈေးကွက်ထောက်ပံ့ရေးကိုဖြည့်ဆည်းနိုင်ရန်အတွက် တစ်ဖက်တွင် လတ်ဆတ်သည့်ဝါးရွက်များကို အချောကိုင်နေကြသလို တစ်ဖက်တွင်လည်း ရိုးရာမူလလက်ရာဖြင့် ကောက်ညှင်းထုပ်များကို ထုပ်ပိုးလျက်ရှိသည်။

ရှီရန်ကျေးရွာလေးသည်  “ဟွေးကျိုး၏ ကောက်ညှင်းထုပ်ဇာတိမြေ” ဟု အမည်ကျော်ကြားပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသော လက်မှုပညာဖြင့် ကျေးရွာမှ ထုတ်လုပ်သော ကောက်ညှင်းထုပ်များကို ကောက်ညှင်းစေးစေးလေးနှင့် မွေးရနံ့သင်းပျံ့သည့် တစ်မူထူးခြားသော ရသာမွန်ဖြစ်စေသည်။ ယင်းကျေးရွာရှိတောင်သူအများအပြားမှာ နှစ်စဉ်နှစ်တိုင်း ကောက်ညှင်းထုပ် ထုပ်ခြင်း၊ ရောင်းချခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ တစ်ရွာလုံး ကောက်ညှင်းထုပ် ထုတ်လုပ်သည့်လုပ်ငန်း၏ နှစ်စဉ်ရောင်းအားပမာဏမှာ တရုတ်ယွမ်ငွေ ၉ သိန်းရှိကြောင်းသိရသည်။

ရှီးထျန်ကျေးရွာကမူ ဂေဟပတ်ဝန်းကျင်အားသာချက်ဖြင့် နက်ရှိုင်းသည့်တောတောင်များရှိ ဝါးရွက်အရင်းအမြစ်များကို ထူးခြားသည့် ထုတ်လုပ်မှုလုပ်ငန်းအသွင်အဖြစ် ပြောင်းလဲခဲ့ရာ ဒေသ၌ ပျိုးထောင်ထားသည့် ဝါးရွက်ကုန်ချောထိပ်တန်းလုပ်ငန်းက ကျေးရွာသူ၊ ကျေးရွာသားများကို မိမိအိမ်ရှေ့တွင်ပင် အလုပ်အကိုင်ရရှိစေသည်။

ထို့အပြင် အချို့သော နာမည်ကြီး စားသောက်ကုန်ကုမ္ပဏီများကလည်း ကောက်ညှင်းထုပ် ပြုလုပ်သည့် ဦးစားပေး ကုန်ကြမ်းအနေဖြင့် ဤနေရာရှိ ဝါးရွက်များကို သတ်သတ်မှတ်မှတ်ဝယ်ယူလေ့ရှိသည်။ ယနေ့အခါတွင် စိမ်းစိုနေသည့်ဝါးရွက်ကလေးနှင့် ကောက်ညှင်းထုပ်ရနံ့သင့်းလေးက ဟွေးကျိုးလူမျိုးတွေ၏ တွမ်းဝူအမှတ်တရများကို ဆောင်ကြဉ်းလျက်ရှိရုံသာမက ကျေးရွာသူ၊ ကျေးရွာသာများ ဝင်ငွေတိုးစေသည့်လမ်းကြောင်းကို ချဲ့ထွင်ကာ ကျေးရွာဖွံ့ဖြိုးအားကောင်းရေးအတွက် တိုးတက်မှုစွမ်းအင်များ ဖြည့်တင်းလျက်ရှိပေသည်။ (Xinhua)

....................................................................................................

(Chinese Version)

青青箬叶裹风味 缕缕粽香迎端午

新华社照片,休宁(安徽),2026年6月18日

眼下,在安徽省黄山市休宁县石人村、西田村等地,村民们一边抓紧加工新鲜箬叶,一边按照传统手法赶制粽子,满足端午市场供应。 石人村素有“徽州粽子之乡”的美誉,代代相传的手工技艺让村里出产的粽子口感香糯、别具风味,许多农户常年从事粽子加工及销售,全村粽子产业年销售额达90万元;西田村则立足生态优势,把大山深处的箬叶资源转化为特色产业,当地培育的箬叶加工龙头企业吸纳村民在家门口务工,一些知名食品公司还会定点采购这里的箬叶,作为粽子制作的优选原料。 如今,青青箬叶与缕缕粽香不仅承载着徽州人家的端午记忆,也拓宽了村民增收渠道,为乡村振兴注入发展动能。

1. 6月15日,在安徽省黄山市休宁县海阳镇石人村,创业青年郑慧在采摘用于包粽子的箬叶。 新华社记者 张端 摄

2. 6月15日,在安徽省黄山市休宁县海阳镇石人村,创业青年郑慧将用于包粽子的箬叶进行晾晒。新华社记者 张端 摄

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှိုးနင်ခရိုင် ဟိုင်ယန်မြို့နယ် ရှီရန်ကျေးရွာတွင် လုပ်ငန်းတည်ထောင်သူလူငယ် ကျိန့်ဟွေ့က ကောက်ညှင်းထုပ် ထုပ်မည့် ဝါးရွက်များအား နေပူလှန်းနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့ ရှိုးနင်ခရိုင် ဟိုင်ယန်မြို့နယ် ရှီရန်ကျေးရွာတွင် လုပ်ငန်းတည်ထောင်သူလူငယ် ကျိန့်ဟွေ့က ကောက်ညှင်းထုပ် ထုပ်မည့် ဝါးရွက်များအား နေပူလှန်းနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------