မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသည့် မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ ၌ ပြခန်းတစ်ခုသို့ လာရောက်လေ့လာနေသူများကို ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသည့် မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ ၌ ပြခန်းတစ်ခုသို့ လာရောက်လေ့လာနေသူများကို ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဇွန် ၁၇ ရက်က ကျင်းပခဲ့ရာ မဟာမဲခေါင်ဒေသခွဲနိုင်ငံ ခြောက်နိုင်ငံမှ ခရီးသွားလုပ်ငန်း တာဝန်ရှိသူများ၊ အဆိုပါလုပ်ငန်းမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ယခုဖိုရမ်သည် မဲခေါင်ဒေသ၌ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေခြင်း၊ ဆန်းသစ်တီထွင်မှုကို အားပေးတိုက်တွန်းခြင်း၊ ပိုမိုရေရှည်တည်တံ့၍ အားလုံးပါဝင်နိုင်သော ခရီးသွားလုပ်ငန်း အနာဂတ်အတွက် ဘုံမျှော်မှန်းချက် မြှင့်တင်ဖော်ဆောင်ခြင်းတို့ ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော "ပြည်သူများအတွက် ခရီးသွားလုပ်ငန်း၊ ရည်ရွယ်ချက်ဖြင့် ခရီးသွားခြင်း" ဆိုသည်မှာ လူမှုအသိုက်အဝန်းများကို မြှင့်တင်ပေးခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းခြင်း၊ အသက်မွေးဝမ်းကျောင်းများကို အထောက်အကူပေးခြင်း၊ ပိုမိုတာဝန်ခံမှုရှိသော ခရီးသွားလုပ်ငန်းကို အားပေးမြှင့်တင်ခြင်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၌ ပြည်သူလူထုအား ဗဟိုပြုရန် အရေးကြီးပုံကို မီးမောင်းထိုးပြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းဖိုရမ်သည် ခရီးစဉ်ဒေသများ မြှင့်တင်ဖော်ထုတ်မှု၊ လူမှုအသိုက်အဝန်း မြှင့်တင်မှု၊ ယဉ်ကျေးမှုဆိုင်ရာ ဖန်တီးနိုင်စွမ်းနှင့် တာဝန်ခံမှုရှိသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု စသည့် နယ်ပယ်များတွင် စိတ်ကူးစိတ်သန်းများ၊ လက်တွေ့ကျသော အတွေ့အကြုံများနှင့် အမြော်အမြင်ရှိသော ဖြေရှင်းနည်းများအတွက် ပလက်ဖောင်းတစ်ခု ဖြစ်သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးအောင်အေးဟန်ကလည်း ခရီးသွားလုပ်ငန်းမှာ လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ဧည့်လမ်းညွှန်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနယ်ပယ်မှ ဝန်ထမ်းများ၊ ဒေသခံ လူမှုအသိုက်အဝန်းများ အပါအဝင် လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီးကို အကျိုးပြုသင့်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ဖိုရမ်အား အိမ်ရှင်အဖြစ် လက်ခံကျင်းပသော နိုင်ငံဖြစ်သည့်အားလျော်စွာ ယင်းဖိုရမ်က နိုင်ငံတကာ ကိုယ်စားလှယ်များအား ကိုယ်တွေ့ အတွေ့အကြုံများမှတစ်ဆင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ပိုမိုကောင်းမွန်စွာ နားလည်သိရှိနိုင်စေရန် အခွင့်အလမ်းတစ်ခု ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးအောင်အေးဟန်က ဆက်လက်ပြောကြားသည်။ (Xinhua)