အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ပဋိပက္ခအဆုံးသတ်ရေးအတွက် ရည်ရွယ်ကာ အီရန်နှင့် နားလည်မှုစာချွန်လွှာအား အမေရိကန်နိုင်ငံ သမ္မတ ထရမ့် ဇွန် ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။

လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို မူလက ဆွစ်ဇာလန်နိုင်ငံ၌ ဇွန် ၁၉ ရက်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

ဟော်မုဇ်ရေလက်ကြားကို ဇွန် ၁၉ ရက်ထက် စော၍ဖွင့်လှစ်နိုင်ရန်အလို့ငှာ ယခုကဲ့သို့ လက်မှတ်ရေးထိုးချိန်ကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာ Axios က သံတမန်သတင်းရင်းမြစ်တစ်ဦးအား ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

ထို့ပြင် နောက်ထပ်အကြောင်းအချက်တစ်ခုမှာ နားလည်မှုစာချွန်လွှာကို စာအားဖြင့်ထုတ်ပြန်ရန် အိမ်ဖြူတော်အား နိုင်ငံရေးဖိအားရှိနိုင်ဖွယ်လည်းရှိကြောင်း သတင်း၌ ထပ်လောင်းဖော်ပြထားသည်။

နားလည်မှုစာချွန်လွှာ စာသားအပြည့်အစုံကို အမေရိကန်တာဝန်ရှိသူများက ဇွန် ၁၇ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..

(English Version)

Trump signs MoU with Iran to end war

  WASHINGTON, June 17

(Xinhua) -- U.S. President Donald Trump on Wednesday signed a memorandum of understanding (MoU) with Iran aimed at ending the conflict, according to U.S.

media reports.

The signing ceremony was originally scheduled to take place in Switzerland on Friday.

The timetable was accelerated so as to reopen the Strait of Hormuz sooner than Friday, U.S. media Axios quoted a diplomatic source as saying.

Another factor may have been the political pressure on the White House to release the text of theMoU, the report added.

U.S. officials on Wednesday released the full text of the memorandum.

Photo: This photo taken on June 14, 2026 shows the White House in Washington, D.C., the United States. (Xinhua/Li Rui)