ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ဘီစီပလေ့စ် ဗန်ကူးဗားအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်က ကနေဒါအသင်းနှင့် ကာတာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-B ပွဲစဉ်၌ ကနေဒါအသင်းက ဂျိုနသန် ဒေးဗစ် (ယာ) ဂိုးသွင်းပြီးနောက်အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ဘီစီပလေ့စ် ဗန်ကူးဗားအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်က ကနေဒါအသင်းနှင့် ကာတာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-B ပွဲစဉ်၌ ကနေဒါအသင်းက ဂျိုနသန် ဒေးဗစ် (ယာ) ဂိုးသွင်းပြီးနောက်အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဗန်ကူးဗား၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် ဇွန် ၁၈ ရက်က ပူးတွဲအိမ်ရှင် ကနေဒါအသင်းနှင့် ကာတာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား အုပ်စု-B ဒုတိယပွဲစဉ်၌ ကနေဒါက ကစားသမားနှစ်ဦး ထုတ်ပယ်ခံရသည့် ကာတာကို ဂျိုနသန် ဒေးဗစ်၏ ဟက်ထရစ်ဂိုး အပါအဝင် ၆ ဂိုးပြတ်အနိုင်ရရှိကာ ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲကို ရယူနိုင်ခဲ့သော်လည်း အဆိုပါပွဲစဉ်၌ အသင်း၏ ကွင်းလယ်ကစားသမား အစ္စမေး ကိုနေး ဒဏ်ရာရရှိခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြောက်ပွဲဆက်တိုက် ရှုံးနိမ့်ထားသည့် ပူးတွဲအိမ်ရှင်အသင်းမှာ ယခုနှစ် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်၌ ဘော့စနီးယားနှင့် ဟာဇီဂိုဗီနာအသင်းနှင့် ၁ ဂိုးစီ သရေကျပြီးနောက် ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့ပြီး ကာတာအသင်းကလည်း အဖွင့်ပွဲစဉ်၌ ဆွစ်ဇာလန်အသင်းနှင့် ၁ ဂိုးစီ သရေကျခဲ့သည်။

ကနေဒါအသင်းက ပွဲအစကတည်းကပင် ကစားကွက်အသာစီးဖြင့် စိုးမိုးထားခဲ့ပြီး ပွဲချိန် ၁၆ မိနစ်တွင် ဒေးဗစ်၏ဂိုးကန်သွင်းမှုကို ကာတာဂိုးသမား ပုတ်ထုတ်ကာကွယ်ရာမှ ဆိုင်လီ လာရင်ဆီသို့ ရောက်ရှိသွားခဲ့ရာ ၎င်းက လျှံထွက်လာသည့် ဘောလုံးကို အနီးကပ်ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါသွင်းဂိုးမှာ လာရင်အနေဖြင့် အသင်းအတွက် ပွဲပေါင်းများစွာ ကစားခဲ့သည့်အနက် ဒုတိယမြောက် သွင်းဂိုးလည်းဖြစ်သည်။

ပွဲချိန် ၂၉ မိနစ်တွင် အိမ်ရှင်အသင်းက ဒုတိယဂိုးရရှိသွားပြီး တာဂျွန် ဘူချနန်၏ ဂိုးကန်ချက်ကို ကာတာခံစစ်က ပိတ်ဆို့ကာကွယ်ရာမှ ဒေးဗစ်ဆီသို့ ရောက်ရှိသွားခဲ့ရာ ဒေးဗစ်က လှလှပပ မြေမကျဘောကန်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် မိနစ်ပိုင်းအကြာတွင် ဘူချနန်ကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ဟိုမန် အာမက် ထုတ်ပယ်ခံရသည့်အတွက် ကာတာအသင်းမှာ အခြေအနေ ပိုမိုဆိုးရွားသွားခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီးတွင် ဒေးဗစ်က ၎င်း၏ဒုတိယဂိုးကို သွင်းယူခဲ့သည်။

ပွဲချိန်ဒုတိယပိုင်းတွင်လည်း ကနေဒါအသင်းကသာ ဆက်လက်ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ကာတာအသင်းမှာမူ ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ရန် ရုန်းကန်ခဲ့ရသည်။

ပွဲချိန် ၅၁ မိနစ်တွင် ကာတာအသင်းမှ အက်ဆင် မာဒီဘိုက စိတ်မထိန်းနိုင်ဘဲ ကိုနေးကို အနောက်မှ မဆင်မခြင် ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမှာ ယခုပွဲစဉ်၏ အကျည်းတန်စရာ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။ ထိုသို့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ဆက်ဆူအိုလို ကွင်းလယ်လူ ကိုနေးမှာ ခြေထောက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပုံပေါ်ပြီး ၎င်းအား အချိန်ကြာမြင့်စွာ ဆေးကုသပေးခဲ့ပြီးနောက် ထမ်းစင်ဖြင့် ခေါ်ထုတ်ခဲ့ရကာ မာဒီဘိုမှာလည်း ထုတ်ပယ်ခံခဲ့ရသည်။

ပွဲချိန် ၆၄ မိနစ်တွင် နသန် ဆာလီဘာက ဖရီးကစ်မှတစ်ဆင့် လှလှပပသွင်းယူကာ ကနေဒါအတွက် သွင်းဂိုးထပ်မံရယူပေးခဲ့သလို ကာတာနောက်ခံလူ မိုဟာမက် မာနာအီစ် ရှင်းထုတ်ပုံမသေသပ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သည်။

ထပ်ဆောင်းအချိန်ပိုတွင်လည်း ကနေဒါအသင်းက တိုက်စစ်အရှိန် လျှော့ချခဲ့ခြင်းမရှိဘဲ ဒေးဗစ်က ၎င်း၏ဟက်ထရစ်ဂိုးအဖြစ် ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။

အုပ်စုပွဲစဉ် နှစ်ပွဲတွင် လေးမှတ်ရရှိထားသည့် ကနေဒါအသင်းမှာ ဇွန် ၁၈ ရက် အစောပိုင်းပွဲစဉ်၌ ‌ဘော့စနီးယားနှင့် ဟာဇီဂိုဗီနာအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့သည့် ဆွစ်ဇာလန်အသင်းနှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)

.............................................................

(English Version)

David's hat-trick helps Canada register historic World Cup victory by hammering 9-man Qatar

VANCOUVER, June 18 (Xinhua) -- Canada claimed its first World Cup victory here on Thursday, thrashing nine-man Qatar 6-0 in the second round of Group B as Jonathan David scored a hat-trick, though the co-host also lost Ismael Kone to injury.

After six consecutive defeats at the tournament, the co-host ended its losing streak with a 1-1 draw against Bosnia and Herzegovina in the opening round, while Qatar also drew 1-1 with Switzerland.

Canada dominated from the start and broke the deadlock in the 16th minute, when David's effort was parried into the path of Cyle Larin, who fired in the rebound from close range for his second goal in as many games.

The home side doubled its lead in the 29th minute when Tajon Buchanan's strike was blocked and the ball fell kindly for David, who hit a spectacular volley.

Qatar's situation went from bad to worse minutes later as Homam Ahmed was sent off for a foul on Buchanan, before David completed his brace on the stroke of halftime.

Canada maintained its pressure after the break, while Qatar struggled to put together a meaningful attack.

The match was marred in the 51st minute when Assim Madibo lost his temper and committed a reckless foul from behind on Kone. The Sassuolo midfielder appeared to suffer a serious leg injury and was stretchered off after lengthy treatment, while Madibo was sent off.

Canada added another in the 64th minute through Nathan Saliba's stunning free kick, before Mohamed Manais' poor clearance resulted in an own goal.

Les Rouges showed no mercy in stoppage time as David completed his hat-trick to round out the scoring.

With four points from two group matches, Canada will next face Switzerland, which beat Bosnia and Herzegovina 4-1 earlier on Thursday.

English Caption 1

Jonathan David (R) of Canada celebrates his goal during the group B match between Canada and Qatar at the 2026 FIFA World Cup at BC Place Vancouver in Vancouver, Canada, June 18, 2026. (Xinhua/Meng Yongmin)

English Caption 2

Issa Laye (top) of Qatar fights for a head ball during a group B match between Canada and Qatar at the 2026 FIFA World Cup at BC Place Vancouver in Vancouver, Canada, June 18, 2026. (Xinhua/Meng Yongmin)

English Caption 3

Richie Laryea (3rd R) of Canada argues with players of Qatar during the group B match between Canada and Qatar at the 2026 FIFA World Cup at BC Place Vancouver in Vancouver, Canada, June 18, 2026. (Xinhua/Meng Yongmin)