
ပေကျင်း၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ပါတီအင်အားတည်ဆောက်ခြင်းဆိုင်ရာ ဗဟိုဦးစီးအဖွဲ့က ပါတီအင်အား တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ရှီကျင့်ဖိန်၏ အတွေးအမြင်များကို လေ့လာဆည်းပူးရေးနှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်တွင် ၁၈ ကြိမ်မြောက် CPC ပြည်လုံးဆိုင်ရာကွန်ဂရက် ကျင်းပခဲ့ချိန်မှစ၍ ရှီကျင့်ဖိန်အား ဗဟိုပြုသော CPC ဗဟိုကော်မတီသည် ပါတီ၏ ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍လည်းကောင်း၊ ပါတီအင်အား ခိုင်မာတောင့်တင်းရေးအတွက် ကြိုးပမ်းမှုများနှင့် စပ်လျဉ်း၍လည်းကောင်း စိတ်ကူးစိတ်သန်း၊ အတွေးအမြင်နှင့် မဟာဗျူဟာသစ်များ ချမှတ်ခဲ့ခြင်းဖြင့် ပါတီအင်အား တည်ဆောက်ခြင်းဆိုင်ရာ ရှီကျင့်ဖိန် အတွေးအမြင်ဟူ၍ ဖြစ်တည်ပေါ်ပေါက်လာခဲ့ကြောင်း ယင်းကြေညာချက်အရ သိရသည်။
အဆိုပါ အတွေးအမြင်သည် ခေတ်သစ် တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်ဆိုင်ရာ ရှီကျင့်ဖိန် အတွေးအမြင်၏ အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်ကာ ခေတ်သစ်ကာလ၌ ပါတီအင်အားတည်ဆောက်မှု အဆင့်မြှင့်တင်ရေးအတွက် အခြေခံလမ်းညွှန်ချက်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက် ချမှတ်ပေးသည်ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
ပါတီအင်အားတည်ဆောက်ခြင်းဆိုင်ရာ ရှီကျင့်ဖိန် အတွေးအမြင်အား လေ့လာဆည်းပူးခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ခြင်းက ပါတီ၏ တင်းကျပ်သော အလုံးစုံ ကိုယ်ပိုင်စီမံခန့်ခွဲမှုအား စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ရာတွင်ဖြစ်စေ၊ တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုတွင် တည်ငြိမ်၍ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက်ဖြစ်စေ အထောက်အကူပြုကြောင်း ယင်းကြေညာချက်၌ ဖော်ပြထားသည်။
အလွှာအသီးသီးမှ ပါတီကော်မတီများနှင့် ဦးစီးဦးဆောင် ပါတီဝင်အုပ်စုများအနေဖြင့် ပါတီအင်အား ခိုင်မာတောင့်တင်းရေးအတွက် လေ့လာသင်ယူရေး အစီအစဉ်များကို စီစဉ်ဆောင်ရွက်ကာ ထိုအစီအစဉ်များ၏ အကျိုးရလဒ်များအား သေချာရေရာသော လုပ်ဆောင်ချက်များအဖြစ် အသွင်ပြောင်းရန် လိုအပ်သည်ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)
......................................................
(English Version)
CPC members urged to study, implement Xi Jinping Thought on Party Building
BEIJING, June 18 (Xinhua) -- The Central Leading Group for Party Building of the Communist Party of China (CPC) has issued a notice on studying and implementing Xi Jinping Thought on Party Building.
According to the notice, since the 18th CPC National Congress in 2012, the CPC Central Committee with Xi Jinping at its core has set forth a series of new ideas, thoughts and strategies on the Party's self-governance and on efforts to strengthen the Party, forming Xi Jinping Thought on Party Building.
The notice said the Thought is an important component of Xi Jinping Thought on Socialism with Chinese Characteristics for a New Era and provides the fundamental guidance and action guide for advancing Party building in the new era.
Studying and implementing Xi Jinping Thought on Party Building is conducive to continuously advancing full and rigorous Party self-governance, and to ensuring steady and sustained progress in Chinese modernization, said the notice.
The notice required Party committees and leading Party members' groups at all levels to organize study and training programs and turn the outcomes of such programs into concrete actions to strengthen the Party.
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, addresses a training session for high-ranking military officials in Beijing, capital of China, April 8, 2026. (Xinhua/Li Gang)








