
ဒိုဟာ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
အီရန်-အမေရိကန် ဆွေးနွေးပွဲသည် “တက်ကြွမှုနှင့် အပြုသဘောဆောင်မှုအငွေ့အသက်များဖြင့် ကျင်းပခဲ့ရာ နောက်ခြေလှမ်းတစ်ရပ်ဖြစ်သည့် နည်းပညာဆွေးနွေးမှုဆိုင်ရာယန္တရား တည်ဆောက်ခြင်း အပါအဝင် အားတက်ဖွယ်တိုးတက်မှုများရရှိခဲ့ကြောင်း” ကာတာနှင့် ပါကစ္စတန်နိုင်ငံများက အီရန်နှင့် အမေရိကန် ဆွေးနွေးညှိနှိုင်းမှု၏ ကြားဝင်ညှိနှိုင်းပေးသူများအနေဖြင့် ဇွန် ၂၂ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။
နားလည်မှုစာချွန်လွှာကို အခြေခံ၍ ဆွေးနွေးမှုလုပ်ငန်းစဉ်ကြီးကြပ်ရေးကို တာဝန်ယူရန်အတွက် အဆင့်မြင့်ကော်မတီတစ်ရပ်ဖွဲ့စည်းရန် ဘက်အသီးသီးက သဘောတူညီခဲ့ကြကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ ဆွေးနွေးမှုကိုယ်စားလှယ် အကြီးအကဲများက အဆင့်မြင့်ကော်မတီထံသို့ ပုံမှန်အစီရင်ခံစာ တင်သွင်းသွားမည်ဖြစ်ပြီး နျူကလီးယားအရေး၊ ပိတ်ဆို့အရေးယူမှုဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် အငြင်းပွားမှု ကြီးကြပ်ဖြေရှင်းရေးအဖွဲ့ငယ်ကို ဦးဆောင်ကာ နားလည်မှုစာချွန်လွှာ စသည်တို့အား ထိထိရောက်ရောက်ဖော်ဆောင်နိုင်ရေးကို သေချာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆင့်မြင့်ကော်မတီက အီရန်-အမေရိကန်အကြား ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် သဘောတူညီချက်ရရှိရေးနှင့်စပ်လျဉ်းသည့် လမ်းပြမြေပုံအပေါ် သဘောတူညီချက်ရရှိပြီးဖြစ်ရာ ယင်းမှာ နောက်ခြေလှမ်းတစ်ရပ်ဖြစ်သည့် နည်းပညာအသွင်ဆွေးနွေးမှု ချက်ချင်းစတင်ရန် အခြေခံအုတ်မြစ် ချပေးလိုက်ကြောင်း၊ အပြီးသတ်သဘောတူညီချက် ဆွေးနွေးမှုကာလအတွင်း စီးပွားဖြစ်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားတွင် လုံခြုံဘေးကင်းစွာ သွားလာနိုင်ရေးကို သေချာစေရန်အတွက် အီရန်နှင့် အမေရိကန်အကြား ဆွေးနွေးညှိနှိုင်းမှုလမ်းကြောင်း တည်ဆောက်ထားကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် လက်ဘနွန်တွင် စစ်ရေးလှုပ်ရှားမှုများ အဆုံးသတ်နိုင်ရေး သေချာစေရန်အလို့ငှာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့တစ်ဖွဲ့ကို ကြားဝင်ညှိနှိုင်းပေးသူများ၏ အကူအညီဖြင့် ဖွဲ့စည်းရန် ဘက်အသီးသီးက သဘောတူညီခဲ့ကြကြောင်း၊ ယခုသီတင်းပတ်အတွင်း နည်းပညာအသွင်ဆွေးနွေးမှုများကို ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့တောင်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
------------------
(Chinese Version)
调解方发表联合声明 伊美谈判进展“令人鼓舞”
新华社多哈6月22日电 卡塔尔和巴基斯坦作为伊朗同美国谈判的调解方22日发表联合声明说,伊美谈判“在积极和建设性的氛围中举行,取得了令人鼓舞的进展,包括建立了进一步技术性谈判的机制”。
联合声明说,在谅解备忘录的基础上,各方同意设立一个高级别委员会,负责监督谈判进程。首席谈判代表将定期向高级别委员会报告,并牵头核问题、制裁问题的工作组,以及监督与解决争端小组,以确保谅解备忘录等的有效执行。
联合声明说,高级别委员会已就伊美60天内达成最终协议的路线图达成一致,这为立即启动进一步技术性谈判奠定基础。伊美还建立了沟通渠道,确保在最终协议谈判期间,商业船舶安全通过霍尔木兹海峡。
此外,各方同意由调解方协助设立一个冲突消除小组,以确保终止在黎巴嫩的军事行动。本周内,技术性会谈将在瑞士比尔根山继续进行。(完)
1. 6月21日,在瑞士比尔根山,记者在媒体中心收看直播画面。新华社记者 连漪 摄








