
လန်ဒန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
ဟော်မုဇ်ရေလက်ကြားဒေသတွင် သောင်တင်နေသည့် သင်္ဘောသားများအား ရွှေ့ပြောင်းရေး အစီအစဉ်ကို ဇွန် ၂၃ ရက်တွင် စတင်ခဲ့ပြီးနောက် သင်္ဘော ၁၁၅ စင်းပေါ်ပါ သင်္ဘောသားဦးရေ ၂,၅၀၀ ခန့်သည် ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာသွားပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) အထွေထွေအတွင်းရေးမှူးချုပ် Arsenio Dominguez က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
IMO ၏ ကနဦးစာရင်းကောက်ယူမှုအရ အဆိုပါကိန်းဂဏန်းတွင် ရွှေ့ပြောင်းရေးအစီအစဉ်စတင်ပြီးနောက် ၃ ရက်ခွဲအတွင်း ထွက်ခွာသွားသည့် အခြေအနေပါဝင်သည်ဟု Arsenio Dominguez က ထိုနေ့တွင် ကျင်းပသော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
IMO သည် ဟော်မုဇ်ရေလက်ကြားဒေသတွင် သောင်တင်နေသည့် သင်္ဘောသားများအား ရွှေ့ပြောင်းရေးအစီအစဉ် စတင်ကြောင်း ဇွန် ၂၃ ရက်တွင် ကြေညာခဲ့ပြီး အသုံးပြုရန်အားပေးသည့် ရေလမ်းကြောင်းများမှာ အီရန်ဘက်ခြမ်းရှိ ဟော်မုဇ်ရေလက်ကြား မြောက်ပိုင်းရေကြောင်းလမ်းနှင့် အိုမန်ဘက်ခြမ်းရှိ တောင်ပိုင်းရေကြောင်းလမ်းတို့ဖြစ်သည်။
IMO က သင်္ဘောတစ်စင်းသည် ဇွန် ၂၅ ရက်တွင် အိုမန်ပင်လယ်ကွေ့၌ တိုက်ခိုက်ခံလိုက်ရကြောင်း၊ ၎င်းတို့အဖွဲ့အစည်းအနေဖြင့် သက်ဆိုင်ရာလုံခြုံရေးအစီအမံမှုများသည် ထိရောက်မှုရှိနေဆဲ ရှိ၊ မရှိကို တစ်ဆင့်တိုးအတည်ပြုရန်အတွက် ဟော်မုဇ်ရေလက်ကြားတွင် သောင်တင်နေသောသင်္ဘောများ ရွှေ့ပြောင်းရေးအစီအစဉ်ကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း IMO က ထိုနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံတကာသင်္ဘောရေကြောင်းပို့ဆောင်ရေးအချက်အလက်များအရ IMO က ရွှေ့ပြောင်းရေးအစီအစဉ်ကို ရပ်ဆိုင်းပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့်သင်္ဘောများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ဆင်ဟွာသတင်းထောက်၏ သက်ဆိုင်ရာမေးခွန်းကို ဖြေကြားရာတွင် Arsenio Dominguez က အီရန်အနေဖြင့် မြောက်ပိုင်းရေကြောင်းလမ်းကို လည်ပတ်နေဆဲဖြစ်ပြီး အမေရိကန် စသည်တို့ကလည်း တောင်ပိုင်းရေကြောင်းလမ်းတွင် ဖြတ်သန်းသွားရန် ကူညီဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သည်။ ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီများအနေဖြင့် ရွှေ့ပြောင်းရေးအစီအစဉ် ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ရေလက်ကြားအား ဖြတ်သန်းခြင်း ပြု၊ မပြုကို ဆုံးဖြတ်ရန်အတွက် ဆုံးရှုံးနိုင်ခြေအန္တရာယ်အား သုံးသပ်အကဲဖြတ်မှုလုပ်ဆောင်ရန်လည်း ၎င်းက သတိပေးခဲ့သည်။
IMO အနေဖြင့် စီးပွားရေးကုန်တင်သင်္ဘောများက တိုက်ခိုက်မှုမခံရဟု လုံခြုံရေးအာမခံချက်ရရှိချိန်မှသာ ရွှေ့ပြောင်းရေးအစီအစဉ်ကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပေသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
国际海事组织:约2500名海员已撤离霍尔木兹海峡
新华社伦敦6月26日电(记者高文成)国际海事组织秘书长多明格斯26日表示,自23日启动霍尔木兹海峡地区滞留海员疏散计划以来,已有115艘船舶上的约2500名海员从霍尔木兹海峡撤离。
多明格斯当天在一场线上记者会上说,据国际海事组织初步统计,这一数据涵盖了疏散行动启动以来3天半的撤离情况。
国际海事组织23日宣布启动霍尔木兹海峡地区滞留海员疏散计划,推荐的航道分别是伊朗一侧的霍尔木兹海峡北部航道以及阿曼一侧的南部航道。国际海事组织25日宣布,一艘船舶当天在阿曼湾遭袭,该组织决定暂停霍尔木兹海峡滞留船舶的疏散行动,以进一步确认相关安全保障措施是否仍然有效。
国际船舶航运数据显示,国际海事组织疏散行动暂停后,仍有船舶通过霍尔木兹海峡。多明格斯回答新华社记者相关提问时说,伊朗仍在运营北部航道,美国等也在协助南部航道通航。他提醒船舶运营公司做好风险评估,以决定是否在疏散行动暂停期间通过海峡。
他还说,国际海事组织只有在获得商船不会遇袭的安全保证后,才会重启疏散行动。(完)
图说:这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。新华社记者 温新年 摄








