မြန်မာနိုင်ငံ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအား ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများအား ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲ၌ ကျောင်းသား/ကျောင်းသူ ၁၃၀,၀၀၀ ကျော် အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ ဇွန် ၂၈ ရက် (ယနေ့) ထုတ်ပြန်ချက်အရ သိရသည်။

စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၂၅၅,၂၂၈ ဦးအနက် ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၅၂.၃၇ ရာခိုင်နှုန်းရှိကြောင်း စာစစ်ဦးစီးဌာနက ဆိုသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် မန္တလေးတိုင်းဒေသကြီးမှာ အောင်ချက်ရာခိုင်နှုန်း ၆၂.၂၂ ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူပေါင်း ၄၅,၆၃၅ ဦး ရှိသည့်အနက် ၂၈,၃၉၃ ဦး အောင်မြင်ခဲ့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရမှတ်အများဆုံး ကျောင်းသူမှာလည်း မန္တလေးတိုင်းဒေသကြီးမှဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရသည်။ (Xinhua)

...................................................................

(English Version)

Over 130,000 students pass Myanmar matriculation exam

YANGON, June 28 (Xinhua) -- Over 130,000 students have passed the nationwide matriculation exam for the 2025-2026 academic year, according to the Department of Myanmar Examinations on Sunday.

Out of 255,228 students who took the exam, 133,673 passed, recording a pass rate of 52.37 percent, the department said.

Among Myanmar's states and regions, Mandalay region recorded the highest pass rate at 62.22 percent, it said.

A total of 45,635 students in Mandalay sat for the exam, of whom 28,393 passed, it said, adding that the country's top-scoring student also came from Mandalay region. Enditem