ဗင်နီဇွဲလားနိုင်ငံ လာဂွိုင်ရာပြည်နယ်ရှိ ထိခိုက်ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို ၂၀၂၆ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ လာဂွိုင်ရာပြည်နယ်ရှိ ထိခိုက်ပျက်စီးသွားသော အဆောက်အအုံတစ်ခုကို ၂၀၂၆ ခုနှစ် ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကာရာကက်စ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

ငလျင်ဘေးသင့် ဗင်နီဇွဲလားနိုင်ငံရှိ ပြည်ပရောက်တရုတ်နွယ်ဖွားများက တန်ချိန် ၅၀ ခန့် အလေးချိန်ရှိ ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ကြကြောင်း ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အဆိုအရ သိရသည်။

အဆိုပါကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများကို ဗင်နီဇွဲလားနိုင်ငံရှိ တရုတ်အသင်းများအဖွဲ့ချုပ်နှင့် အခြားတရုတ်အသိုင်းအဝိုင်းအဖွဲ့အစည်းမှ ဇွန် ၂၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီအထိ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ရေသန့်ဘူး၊ ဘီစကစ်၊ သေးခံ၊ နို့၊ ဆန်၊ သကြားနှင့် ငါးတို့ပါဝင်သည့် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများက ငလျင်ဘေးသင့် မိသားစု ၁၀,၀၀၀ နီးပါးအတွက် အကျိုးရှိစေကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန် ၂၄ ရက်၌ ပြင်းအား ၇.၂ နှင့် ၇.၅ အဆင့်ရှိ ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့သည်။

ထိုငလျင်များကြောင့် သေဆုံးသူဦးရေမှာ ၁,၄၃၀ ဦးသို့ မြင့်တက်လာကြောင်း ဗင်နီဇွဲလားအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Jorge Rodriguez က ဇွန် ၂၇ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

.................

(English Version)

Overseas Chinese in Venezuela donate 500 tons of quake relief supplies

CARACAS, June 27 (Xinhua) -- Overseas Chinese in quake-hit Venezuela have donated about 500 tons of relief supplies, according to the Chinese Embassy in Venezuela.

The supplies were donated by the Federation of Chinese Associations in Venezuela and other Chinese community groups as of 4 p.m. local time (2000 GMT) Saturday.

The supplies, including bottled water, biscuits, diapers, milk, rice, sugar and fish, have benefited nearly 10,000 families affected by the disaster.

Two consecutive quakes, measuring magnitude 7.2 and 7.5, hit Venezuela on Wednesday.

The death toll from the earthquakes has risen to 1,430, Venezuelan National Assembly President Jorge Rodriguez said Saturday. ■

English Caption

This photo taken on June 25, 2026 shows a damaged building in La Guaira State, Venezuela. (Photo by Marcos Salgado/Xinhua)