ဗင်နီဇွဲလားနိုင်ငံ Miranda ပြည်နယ် Chacao မြို့တွင် မက္ကဆီကိုနိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းများက ပြိုလဲကျနေသော အဆောက်အဦအနီးတစ်ဝိုက်ဒေသတွင် အခြေစိုက်လုပ်ကိုင်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ လူဦးရေသည် ၁,၄၅၀ ဦး အထိ မြင့်တက်လာကြောင်း၊ ပြိုလဲသော သို့မဟုတ် ထိခိုက်ပျက်စီးသော အဆောက်အဦအရေအတွက်မှာ ၇၇၄ ခု အထိ ရှိကြောင်း ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

Jorge Rodríguez က ထိုနေ့တွင် ဗင်နီဇွဲလားနိုင်ငံ နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် အမှာစကားပြောကြားရာ၌ လက်ရှိတွင် ဗင်နီဇွဲလားနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အင်အားများနှင့် အရင်းအမြစ်များတွင် ကယ်ဆယ်ရေးဝန်ထမ်း ၂,၆၂၄ ဦး၊ ရှာဖွေကယ်ဆယ်‌ရေးခွေး ၁၃၇ ကောင်၊ ကယ်ဆယ်ရေးယာဉ် ၄၉ စီ၊ ပစ္စည်းနှင့်ဆေးဝါး ၈၄.၄ တန် စသည်တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက ပံ့ပိုးပေးသည့် အကူအညီများအတွက် ကျေးဇူးတင်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ Miranda ပြည်နယ် Chacao မြို့တွင် ဝန်ထမ်းများက အကြီးစားစက်ပစ္စည်းများဖြင့် ပြိုလဲကျနေသော အဆောက်အဦတစ်ခုအား ရှင်းလင်းနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ Miranda ပြည်နယ် Chacao မြို့တွင် ဝန်ထမ်းများက အကြီးစားစက်ပစ္စည်းများဖြင့် ပြိုလဲကျနေသော အဆောက်အဦတစ်ခုအား ရှင်းလင်းနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

委内瑞拉地震死亡人数升至1450人

新华社加拉加斯6月28日电 委内瑞拉全国代表大会主席豪尔赫·罗德里格斯28日表示,委内瑞拉地震死亡人数已升至1450人,倒塌或受损的建筑物数量达774栋。  

豪尔赫·罗德里格斯当天通过委国家电视台发表讲话说,当前抵达委内瑞拉的国际救援力量和资源包括2624名救援人员、137只搜救犬,49辆救援车辆以及84.4吨设备和药品等。他对国际社会提供的援助表示感谢。(完)

图说1:6月28日,在委内瑞拉米兰达州查考,墨西哥救援人员驻留在倒塌建筑附近的区域。新华社发(马科斯·萨尔加多摄)

图说2:6月28日,在委内瑞拉米兰达州查考,工人使用重型机械清理一栋倒塌的建筑。新华社发(马科斯·萨尔加多摄)