
ချိန်တူး၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရီပင်းမြို့ ကောင်းရှန့်ခရိုင်၌ ပြင်းအား ၅.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ သေဆုံးသူမရှိဘဲ လူ ၁၃ ဦး အနည်းငယ်ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အား အချိန်မီ ဆေးကုသရန် ပို့ဆောင်ပြီးဖြစ်ကြောင်း၊ လူ ၁၉၆ ဦးကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရာချထားခဲ့ကြောင်း ဇွန် ၂၉ ရက် နံနက် ၄ နာရီခန့်တွင် ရီပင်းမြို့ ငလျင်ဒဏ်ခုခံရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ညွှန်ကြားမှုဌာနမှ သိရှိရသည်။
တရုတ်နိုင်ငံ ငလျင်ကွန်ရက် (CENC) တိုင်းတာမှုအရ ဇွန် ၂၉ ရက် ၀ နာရီ ၁၂ မိနစ်တွင် စီချွမ်းပြည်နယ် ရီပင်းမြို့ ကောင်းရှန့်ခရိုင်၌ ပြင်းအား ၅.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်အနက် ၆ ကီလိုမီတာ ဖြစ်ကြောင်း၊ ငလျင်ဗဟိုချက်သည် မြောက်လတ္တီတွဒ် ၂၈.၅၀ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၀၄.၆၉ ဒီဂရီတွင် တည်ရှိကြောင်း သိရသည်။ ငလျင်ဗဟိုချက်သည် ရီပင်းမြို့ ကောင်းရှန့်ခရိုင် ရှားဟယ်မြို့နယ်တွင် တည်ရှိကြောင်း စီချွမ်းပြည်နယ် ငလျင်ဌာန၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
နံနက် ၄ နာရီ ၅၀ မိနစ်တွင် သတင်းထောက်က ရှားဟယ်မြို့နယ် ရှန့်လုန်ရွာ ပါတီလူထု ဝန်ဆောင်မှုစင်တာသို့ ရောက်ရှိခဲ့ရာ ငလျင်အတွင်း ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေးများ ပြတ်တောက်သွားခြင်း မရှိကြောင်း သိရသည်။
ရှားဟယ်မြို့နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ယန်ချိန်၏ မိတ်ဆက်ပြောကြားချက်အရ နေအိမ် ၂၁ လုံး အက်ကွဲသွားပြီး ၎င်းအနက် နေအိမ် ၃ လုံး၏ အက်ကွဲမှုအခြေအနေသည် အတန်အသင့် ပြင်းထန်ကြောင်း၊ အဆိုပါဖြစ်ရပ်ကြောင့် သက်ရောက်မှုရှိသူ ၁၀ ဦးလုံးသည် နီးစပ်ရာဆွေမျိုးမိတ်ဆွေများထံ ရွှေ့ပြောင်းနေရာချထားပြီးဖြစ်ကြောင်း၊ ရှာဖွေစစ်ဆေးချက်အရ လမ်းနေရာ ၁၂ နေရာတွင် ကျောက်တုံးကျောက်ခဲပြုတ်ကျမှုများရှိရာ ကနဦးရှင်းလင်းမှု လုပ်ဆောင်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံ ငလျင်ဦးစီးဌာနသည် အဆင့် ၃ အရေးပေါ်တုံ့ပြန်မှုကို လျင်မြန်စွာ စတင်ဆောင်ရွက်ခဲ့သည်။ စီချွမ်းပြည်နယ် ငလျင်ဌာနသည် ငလျင်အရေးပေါ်တုံ့ပြန်မှုအစီအစဉ်များ ချက်ချင်း စတင်ဆောင်ရွက်၍ အဆင့် ၃ အရေးပေါ်တုံ့ပြန်မှုကို လုပ်ဆောင်ခဲ့သလို ရီပင်းမြို့ ငလျင်ဒဏ်ခုခံရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးညွှန်ကြားမှုဌာနကလည်း ငလျင်လှုပ်ခတ်မှု အဆင့် ၃ အရေးပေါ်တုံ့ပြန်မှုကို စတင်လုပ်ဆောင်ခဲ့သည်။ လက်ရှိတွင် ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းအသီးသီးကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
四川宜宾高县5.5级地震致13人受轻微伤
新华社成都6月29日电(记者谢佼、胡旭)29日4时许,记者从四川省宜宾市抗震救灾指挥部获悉,高县5.5级地震无人死亡,造成13人受轻微伤,已及时送医诊疗,紧急避险转移和安置196人。
据中国地震台网正式测定,6月29日0时12分在四川宜宾市高县发生5.5级地震,震源深度6公里,震中位于北纬28.50度,东经104.69度。四川省地震局介绍,震中位于宜宾市高县沙河镇。
4时50分,记者赶到沙河镇上龙村党群服务中心,现场了解到,震中交通、电力、通信均未中断。沙河镇党委副书记、镇长严强介绍,有21户房屋开裂,其中3户房屋开裂相对严重,所涉10人已通过投亲靠友就近安置。排查发现约有12处道路落石,已初步清理。
地震发生后,中国地震局迅速启动三级应急响应,四川省地震局立即启动地震应急预案、实施三级应急响应,宜宾市抗震救灾指挥部启动地震三级应急响应。目前,抗震救灾各项工作正在紧张有序进行。(完)








