တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုတွင် ၁၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေး လမ်းနံဘေးကြော်ငြာစာတန်းများကို ၂၀၂၆ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း မကာအိုတွင် ၁၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေး လမ်းနံဘေးကြော်ငြာစာတန်းများကို ၂၀၂၆ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) တွင် ၁၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေးကို ဇွန် ၂၇ ရက်က ကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံမှ ခရီးသွားလုပ်ငန်းတာဝန်ရှိသူများ စုစည်းကာ ဒေသတွင်း ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အနာဂတ်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှု၊ ပူး‌ပေါင်းဆောင်ရွက်မှုစွမ်းရည်မြှင့်တင်ခြင်း - အာရှပစိဖိတ်အသိုက်အဝန်းအတွက် ခရီးသွားလုပ်ငန်းကို အကျိုးရှိစွာအသုံးချခြင်း" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အဆိုပါအစည်းအဝေးတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုကို အကျိုးရှိရှိအသုံးချရန်နှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ မြှင့်တင်ရေး နက်နက်ရှိုင်းရှိင်း ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု

အာရှ-ပစိဖိတ် ခရီးသွားလုပ်ငန်းတစ်ခွင် ဆက်လက်တိုးတက်လာသည်နှင့်အမျှ အစည်းအဝေး တက်ရောက်လာသော ကိုယ်စားလှယ်များက ကွန်ရက်ချိတ်ဆက်မှုနှင့် မူဝါဒညှိနှိုင်းဆောင်ရွက်မှု ပိုမိုအားကောင်းခြင်းသည် ယင်းလုပ်ငန်း၏ အရှိန်အဟုန်ကို ဆက်လက်မြှင့်တင်ရန် အဓိကအချက်အဖြစ် ဆက်လက်ရှိနေကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သဘောတူခဲ့ကြသည်။

အဆိုပါ ဝန်ကြီးအဆင့် အစည်းအဝေးကျင်းပခြင်းနှင့်အတူ ၆၇ ကြိမ်မြောက် APEC ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးကို မကာအို SAR တွင် ဇွန်၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260628/6ccf3f871eef4329be5e29c2b6ca6dcf/c.html

……………………………………..

(English Version)

Asia-Pacific Community: In Macao, APEC economies embrace
connected, innovative tourism

MACAO, June 28 (Xinhua) -- The 13th Asia-Pacific Economic Cooperation (APEC) Tourism Ministerial Meeting convened on Saturday in China's Macao Special Administrative Region (SAR), bringing together tourism officials from the 21 member economies to discuss the future of regional tourism cooperation.

Under the theme of "Digital Innovation, Collaborative Empowerment: Leveraging Tourism for an Asia-Pacific Community," delegates discussed ways to harness digital innovation and deeper collaboration to boost the region's tourism sector.

REGIONAL CONNECTIVITY

As tourism continues to grow across the Asia-Pacific, delegates broadly agreed that stronger connectivity and policy coordination remain key to sustaining the industry's momentum.

Alongside the ministerial meeting, the 67th APEC Tourism Working Group Meeting was held from Wednesday to Thursday in the Macao SAR.

https://english.news.cn/20260628/6ccf3f871eef4329be5e29c2b6ca6dcf/c.html

Photo: This photo taken on June 23, 2026 shows street banners for the 13th Asia-Pacific Economic Cooperation (APEC) Tourism Ministerial Meeting in Macao, south China. (Xinhua/Cheong Kam Ka)