
ဂျီနီဗာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၂ ကြိမ်မြောက် အစည်းအဝေး အမျိုးသမီးအခွင့်အရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို မကြာမီရက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပခဲ့ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့ ဒုတိယ အကြီးအကဲ လီရှောက်မေက တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
လီရှောက်မေက ဇွန် ၂၄ ရက်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး သံတမန်အရာရှိများနေ့ ဖြစ်ကြောင်း၊ သံတမန်ရေးလုပ်ငန်းများတွင် အမျိုးသမီးများသည် ထူးချွန်သော အကျိုးဆောင်မှုများရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမျိုးသမီး သံတမန်အသီးသီးအား ပွဲတော်နေ့အတွက် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။
အမျိုးသမီးများအား ပစ်မှတ်ထားသော အကြမ်းဖက်ထိပါးသည့် မည်သည့်ပုံစံကိုမဆို ပြတ်ပြတ်သားသားနှင့် ပြင်းပြင်းထန်ထန် အခိုင်အမာ တိုက်ဖျက်သွားမည်ဖြစ်ပြီး အထိုက်အလျောက်ပြည့်စုံမှုရှိသော အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး တရားဥပဒေစိုးမိုးမှုဆိုင်ရာ ကြီးကြပ်ရေးစနစ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မကြာမီရက်ပိုင်းက တရုတ်နိုင်ငံအနေဖြင့် “လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့်လှုပ်ရှားမှုစီမံချက် (၂၀၂၆-၂၀၃၀)” ကို ထုတ်ပြန်ပြီး အမျိုးသမီးနှင့် ကလေးငယ်များအား ကာကွယ်ရေးစနစ်ကို စဉ်ဆက်မပြတ် ကောင်းမွန်ပြည့်စုံစေခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးနှင့် ကလေးငယ်များကဏ္ဍကို တည်ငြိမ်မှုနှင့် အပြုသဘောစွမ်းအင်များ ပိုမို ဖြည့်တင်းပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လီရှောက်မေက ဂျပန်နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းဆိုးများကို ဖော်ထုတ်ဝေဖန်ခဲ့ရာ ယခုနှစ်သည် တိုကျိုစစ်ခုံရုံး ရုံးတင်စစ်ဆေးခဲ့သည့် ၈၀ ပြည့်နှစ် နှစ်ပတ်လည်ဖြစ်ကြောင်း၊ “အမျိုးသမီးလိင်ကျွန်”အဖြစ် အဓမ္မခိုင်းစေခြင်းသည် ဂျပန်စစ်ဝါဒီများက အမျိုးသမီးများကို ဦးတည်၍ လူသားမျိုးနွယ်အပေါ် ဆိုးရွားစွာ ကျူးလွန်သည့် ရာဇဝတ်မှု ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ကျူးကျော်ခဲ့သည့် သမိုင်းကို နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆင်ခြင်သုံးသပ်ရန်နှင့် သမိုင်းတွင် ကျန်ရစ်ခဲ့သည့် ပြဿနာများကို ရိုးသားပွင့်လင်းစွာ၊ ကောင်းမွန်သင့်လျော်စွာ စီမံဖြေရှင်းဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
中方在联合国人权理事会妇女权利问题研讨会阐明立场
新华社日内瓦6月28日电 联合国人权理事会第62届会议妇女权利问题研讨会近日在瑞士日内瓦召开,中国代表团副团长李笑梅发言阐明立场。
李笑梅说,6月24日是女外交官国际日,女性对外交事业作出杰出贡献。中方向各位女外交官致以节日祝贺。中国坚决反对并严厉打击任何形式针对妇女的暴力侵害,建成较为完备的消除对妇女暴力法治监督体系。中方近日发布《国家人权行动计划(2026-2030)》,持续完善对妇女和女童的保护体系,为全球妇女儿童事业注入更多稳定性和正能量。
李笑梅揭批日本人权劣迹,指出今年是东京审判开庭80周年,强征慰安妇是日本军国主义犯下的针对妇女的严重反人类罪行。中方敦促日本深刻反省侵略历史,以诚实态度妥善处理历史遗留问题。(完)
1. 这是6月11日拍摄的“2026·全球人权治理高端论坛”开幕式现场。新华社记者 才扬 摄








