အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ (ဝဲ)နှင့် အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ (ဝဲ)နှင့် အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ဟော်မုဇ်ရေလက်ကြား လမ်းပန်းဆက်သွယ်ရေးအား စီမံခန့်ခွဲခြင်းနှင့် အပြည့်အဝပြန်လည်ဖော်ဆောင်ခြင်းသည် အီရန်၏တာဝန်ဖြစ်ပြီး ဤတာဝန်ကို မည်သည့် အခြားနိုင်ငံ သို့မဟုတ် အဖွဲ့အစည်းကမျှ တာဝန်ယူဆောင်ရွက်မည်မဟုတ်ကြောင်း လက်ရှိတွင် အီရတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲမှုကို ဝင်ရောက်စွက်ဖက်သည့် မည်သည့်လုပ်ရပ်မဆို အီရန်နှင့် အမေရိကန်တို့အကြား နားလည်မှုစာချွန်လွှာကို ချိုးဖောက်ကြောင်း အာရက်ဂ်ချီက အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် အီရန်နှင့် အမေရိကန်တို့အကြား နားလည်မှုစာချွန်လွှာတွင် စစ်မျက်နှာစာအားလုံး အထူးသဖြင့် လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရန်ပါဝင်ပြီး ယင်းမှာ အမေရိကန်နိုင်ငံအစိုးရ၏ တာဝန်ဖြစ်သည်ဟုလည်း အာရက်ဂ်ချီက ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံအနေဖြင့် လက်ဘနွန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကို ရပ်တန့်ရမည်ဖြစ်ပြီး သိမ်းပိုက်ထားသော လက်ဘနွန်ပိုင်နက်မှ ၎င်းတို့၏တပ်များကို ရုပ်သိမ်းရမည်ဖြစ်ကြောင်း အာရက်ဂ်ချီက အလေးထားပြောကြားခဲ့သည်။

Hussein က ၎င်းသည် အာရက်ဂ်ချီနှင့်အတူ မကြာသေးမီက စစ်ပွဲများအတွင်း အီရတ် တွေ့ကြုံခဲ့ရသော တိုက်ခိုက်မှုများ၊ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု တားဆီးခံရခြင်းကြောင့် အီရတ်၏ ဘဏ္ဍာရေးနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများ အပါအဝင် ဘုံဂရုပြုသော ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။

Hussein က အီရတ်၏ မူဝါဒသည် စစ်ပွဲကိုဆန့်ကျင်ပြီး ဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ပြဿနာများကို ဖြေရှင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

....................

(Chinese Version)

伊朗外长:管理和恢复霍尔木兹海峡交通仅由伊朗负责

新华社巴格达6月28日电(记者李军)正在伊拉克访问的伊朗外交部长阿拉格齐28日表示,管理和全面恢复霍尔木兹海峡的交通是伊朗的责任,任何其他国家或机构均不承担此责任。  

阿拉格齐当天在与伊拉克外交部长侯赛因举行的联合新闻发布会上表示,任何干涉霍尔木兹海峡管理的做法都违反了伊朗和美国的谅解备忘录。  

阿拉格齐还表示,伊美谅解备忘录包括在所有战线停火,尤其是在黎巴嫩,这是美国政府的责任。他强调,以色列必须停止对黎巴嫩的袭击,并从黎巴嫩被占领土撤军。

侯赛因表示,他与阿拉格齐讨论了一系列共同关心的问题,包括伊拉克在近期战事中遭受的袭击,以及霍尔木兹海峡通航受阻对伊拉克财政和经济的影响。  

侯赛因表示,伊拉克的政策是反对战争,通过对话和谈判解决问题。(完)

图说:6月28日,在伊拉克首都巴格达,伊朗外交部长阿拉格齐(左)与伊拉克外交部长侯赛因举行联合新闻发布会。 新华社发(哈利勒·达伍德摄)