တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘီလာရုဇ်နိုင်ငံ သမ္မတ Alexander Lukashenko တို့ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘီလာရုဇ်နိုင်ငံ သမ္မတ Alexander Lukashenko တို့ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘီလာရုဇ်နိုင်ငံ သမ္မတ Alexander Lukashenko နှင့် ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဘီလာရုဇ်နိုင်ငံသည် အပြန်အလှန် ယုံကြည်မှု၊ အားပေးထောက်ခံမှု ရှိကြသည့် မိတ်ဆွေစစ် မိတ်ဆွေမှန်များ ဖြစ်ကြပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်၍ စည်ပင်သာယာဝပြောကြသည့် မိတ်ဖက်များ ဖြစ်သလို အချိန်အခါမရွေး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များလည်း ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ တရုတ်-ဘီလာရုဇ် ဆက်ဆံရေးသည် နိုင်ငံတကာလှိုင်းဒဏ်လေဒဏ်များ၏ စမ်းသပ်မှုကို ဖြတ်သန်းခဲ့ရာ ယခုနှစ်များတွင် ခုန်ပျံကျော်လွှားမှုအသွင် တိုးတက်ရေးကို ဖော်ဆောင်နိုင်ပြီး သမိုင်းတစ်လျှောက် အကောင်းဆုံးကာလသို့ ရောက်ရှိခဲ့ကြောင်း၊ နှစ်ဖက် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုသည် ကျောက်စိုင်ကျောက်သားသဖွယ် ခိုင်မာမြဲမြံပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး ရလဒ်မှာ ကြွယ်ဝလျက်ရှိသလို အဓိက ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ခိုင်ခိုင်မာမာ တွန်းအားပေးဆောင်ရွက်လျက်ရာ ဘက်ပေါင်းစုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုမှာလည်း အောင်မြင်ထိရောက်မှု မြင့်မားကြောင်း၊ တရုတ်-ဘီလာရုဇ် အချိန်အခါမရွေး၊ ဘက်စုံထောင့်စေ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းသည် သမိုင်းဖွံ့ဖြိုးတိုးတက်မှုရေစီးကြောင်းနှင့်လျော်ညီသလို နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်လည်း ကိုက်ညီသည်ကို လက်တွေ့ဖြစ်ရပ်များက သက်သေပြလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဘီလာရုဇ်နိုင်ငံသည် မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုထားရှိပြီး နှစ်ဖက်ဆက်ဆံရေးအား မြင့်မားသော အဆင့်ဆီသို့ စဉ်ဆက်မပြတ် ရှေ့ဆက်တိုးတက်စေရန် တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘီလာရုဇ်နိုင်ငံက နိုင်ငံ၏အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်နယ်ပြည့်စုံရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကို လျှောက်လှမ်းခြင်းအား ထောက်ခံကြောင်း၊ ဘီလာရုဇ်နိုင်ငံ တိုးတက်ရေးတည်ဆောက်မှုအတွက် တတ်နိုင်သမျှ ဆက်လက်ကူညီပံ့ပိုးသွားလိုကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံ အရင်းအမြစ်များ အသုံးပြုကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” တည်ဆောက်ရေးကို တွန်းအားပေးပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အနှစ်သာရ ကြွယ်ဝစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘီလာရုဇ်နိုင်ငံနှင့်အတူ လက်တွဲကာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို ဖော်ဆောင်ရန်၊ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စသည့် နိုင်ငံစုံယန္တရားအတွင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ကစဥ့်ကလျားဖြစ်နေသည့် ကမ္ဘာကြီးအတွက် တည်ငြိမ်မှုစွမ်းအားအဖြစ် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Alexander Lukashenko က သမ္မတ ရှီကျင့်ဖိန်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် သုံးသပ်ပြောကြားမှုများအား အပြည့်အဝ ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် ဘီလာရုဇ်နိုင်ငံ၏ အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက် ဖြစ်ပြီး နှစ်နိုင်ငံ လက်တွေ့ ပူးပါင်းဆောင်ရွက်မှုများ ဘက်စုံနက်ရှိုင်းစေကာ ဘီလာရုဇ်နိုင်ငံ၏ လူမှုစီးပွား တိုးတက်ရေးအတွက် အရေးကြီးသည့် ပံ့ပိုးမှု ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဘီလာရုဇ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားရာ တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုကို မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို တိုးချဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်သည် အရေးကြီးကိစ္စရပ်များကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းအား တွန်းအားဖြစ်စေရာ ကမ္ဘာ့ငြိမ်းချမ်းသာယာဝပြောရေးအတွက် ကြီးမားသော အကျိုးပြုမှုရှိကြောင်း၊ ဘီလာရုဇ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာ ကိစ္စရပ်များတွင် အနီးကပ်ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်၍ထားရှိကာ ကမ္ဘာနှင့်ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးကို အတူတကွ မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဝမ်ရိ တက်ရောက်ခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

习近平会见白俄罗斯总统卢卡申科

新华社北京6月29日电(记者孙奕)6月29日上午,国家主席习近平在北京钓鱼台国宾馆会见白俄罗斯总统卢卡申科。

习近平指出,中国和白俄罗斯是相互信任支持的真朋友,是共同发展繁荣的好伙伴,是全天候全面战略伙伴。中白关系经受了国际风云考验,近年来实现跨越式发展,进入历史最好时期。双方政治互信坚如磐石,高质量共建“一带一路”成果丰硕,重点合作项目扎实推进,多边协作富有成效。事实证明,深化中白全天候、全方位合作顺应历史发展潮流,符合两国人民根本利益。

习近平强调,中白要保持战略沟通,推动双边关系在高水平上持续向前发展,更好造福两国人民。中方支持白方维护国家主权、独立和领土完整,走符合自身国情的发展道路,愿继续为白俄罗斯发展建设提供力所能及的帮助。两国要调动各方面资源,推动“一带一路”建设,丰富务实合作内涵。中方愿同白方携手共建人类命运共同体,践行四大全球倡议,加强在联合国、上海合作组织等多边机制内的协调和配合,做动荡世界中的稳定力量。

卢卡申科表示,完全赞同习近平主席对两国关系的评价。中国是白俄罗斯全天候战略伙伴,两国务实合作全面深入,为白经济社会发展提供重要支持。白方高度重视对华关系,期待同中方加强战略沟通,拓展合作领域,推动两国关系取得更大发展。习近平主席提出四大全球倡议,推动热点问题政治解决,为世界和平稳定繁荣作出重大贡献。白方愿同中方就国际地区事务继续保持密切协调,共同促进世界和地区的和平发展稳定。

王毅参加会见。(完)

1.     6月29日上午,国家主席习近平在北京钓鱼台国宾馆会见白俄罗斯总统卢卡申科。 新华社记者 申宏 摄