တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လောင်း၊ ဆီနီဂေါနိုင်ငံ သမ္မတဟောင်း Macky Sall တို့ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လောင်း၊ ဆီနီဂေါနိုင်ငံ သမ္မတဟောင်း Macky Sall နှင့် ဇွန် ၂၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ဂစ်နီ-ဘစ်ဆောနိုင်ငံ သမ္မတဟောင်း Umaro Sissoco Embaló လည်း တက်ရောက်ခဲ့သည်။

Macky Sall က လက်ရှိအခြေအနေတွင် ကုလသမဂ္ဂ၏ အနေအထားနှင့် အခန်းကဏ္ဍမှာ အထူးထင်ရှားကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ဦးဆောင်မှုအနေအထားကို လေးစားသင့်ပြီး အဆင့်အလိုက် ပြုပြင်ပြောင်းလဲမှုများကို လက်တွေ့တွန်းအားပေးဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းသလို သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်အား တက်ကြွစွာ ထောက်ခံအားပေးကာ ကုလသမဂ္ဂစည်းလုံးညီညွတ်ရေးကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။  

ဝမ်ရိက လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ကျယ်ပြန့်များပြားလှသော အဖွဲ့ဝင်နိုင်ငံများ၏ တိုက်တွန်းသံကို တက်ကြွစွာ တုံ့ပြန်ကာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ လျော်ကန်သော တောင်းဆိုမှုကို အလေးထားသင့်ကြောင်း၊ တရုတ်နိုင်ငံသည် တာဝန်ယူမှုနှင့် အပြုသဘောဆောင်မှုရှိသော သဘောထားဖြင့် လာမည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရွေးကောက်တင်မြှောက်မှုလုပ်ငန်းစဉ်တွင် ပါဝင်ကာ နိုင်ငံတကာရေးရာကိစ္စရပ်များတွင် ကုလသမဂ္ဂအနေဖြင့် အဓိကကျ၍ ဦးဆောင်မှုရှိသော အခန်းကဏ္ဍမှ ပိုမိုကောင်းမွန်စွာ ပါဝင်ခြင်းကို ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လောင်း၊ ဆီနီဂေါနိုင်ငံ သမ္မတဟောင်း Macky Sall တို့ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လောင်း၊ ဆီနီဂေါနိုင်ငံ သမ္မတဟောင်း Macky Sall တို့ ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

王毅会见下任联合国秘书长候选人萨勒

新华社北京6月29日电(记者曹嘉玥)中共中央政治局委员、外交部长王毅29日在京会见下任联合国秘书长候选人、塞内加尔前总统萨勒。几内亚比绍前总统恩巴洛参加。

萨勒表示,当前形势下,联合国地位和作用尤为凸显。应尊重会员国主导地位,循序渐进、务实推进改革。我坚定恪守一个中国原则,积极支持习近平主席提出的四大全球倡议,愿加强联合国团结。

王毅表示,下任秘书长应积极回应广大会员国呼声,重视全球南方正当诉求。中国将以负责任和建设性态度参与下任秘书长选举进程,支持联合国在国际事务中更好发挥核心和主导作用。(完)

1.     6月29日,中共中央政治局委员、外交部长王毅在北京会见下任联合国秘书长候选人、塞内加尔前总统萨勒。 新华社记者 庞兴雷 摄