
ဖူကျိုး၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် “ကူလျင်ယွမ်” တရုတ်-အမေရိကန် လူငယ် ဘေ့စ်ဘော ချစ်ကြည်ရေးပြိုင်ပွဲနှင့် အားကစားဖလှယ်ရေး သီတင်းပတ်ကို ဇွန် ၂၉ ရက်တွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဖုန်ချင်းဟွာ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ဖုန်ချင်းဟွာက သမ္မတ ရှီကျင့်ဖိန်၏ ဂရုစိုက်မှုနှင့် ကိုယ်တိုင်တွန်းအားပေးမှုဖြင့် “ကူလျင်ယွမ်"သည် တရုတ်-အမေရိကန် လူငယ်များကြား အပြန်အလှန်နီးကပ်လာပြီး ရိုးသားစစ်မှန်စွာ ဆွေးနွေးဖလှယ်သည့် အရေးကြီးပြတင်းပေါက် ဖြစ်လာကြောင်း၊ တရုတ်-အမေရိကန် လူငယ်များသည် သမိုင်းကိုအရင်းအမြစ်အဖြစ် ထားရှိကာ နှစ်နိုင်ငံဆက်ဆံရေး၏ ပြည်သူ့ဆန္ဒအခြေခံကို ခိုင်မြဲလာစေခြင်း၊ အားကစားကို ဆောင်ကြဉ်းရာအဖြစ် ထားရှိကာ ယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှုအတွက် လူငယ်ပေါင်းကူးတံတား တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးကို အဓိကအကြောင်းအရာအဖြစ် ထားရှိပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုအား အတူတကွ ကာကွယ်ထိန်းသိမ်းသည့် ကြီးမားသော ပူးပေါင်းအင်အားကို စုစည်းခြင်းတို့ဖြင့် ကာလတိုဆုံစည်းမှုကို ကူလျင်ရေစက်အား အမွေဆက်ခံသည့် စဉ်ဆက်မပြတ် လက်ဆင့်ကမ်းမှုအဖြစ် ပြောင်းလဲကာ တရုတ်-အမေရိကန်အရပ်ဘက် ချစ်ကြည်ရေးလုပ်ငန်း ထာဝစဉ်ဆက်လက်တည်တံ့ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုအတွက် ပိုမိုများပြားသော အပြုသဘောအင်အားများ ဖြည့်တင်းပေးရန် မျှော်လင့်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားကို တရုတ်ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်း၊ အမျိုးသားအားကစားဦးစီးဌာနနှင့် ဖူကျန့်ပြည်နယ် ပြည်သူ့အစိုးရတို့ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး တရုတ်-အမေရိကန် လူငယ် ဘေ့စ်ဘောအဖွဲ့ ၈ ဖွဲ့၊ “ကူလျင်မိတ်ဆွေ” ၊ Flying Tigers ချစ်ကြည်ရေးကျောင်း ကျောင်းသား၊ ကျောင်းသူ၊ ချစ်ကြည်ရေးမြို့ကိုယ်စားလှယ် စသည်ဖြင့် လူဦးရေ ၄၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

-------------------------------------------------------------------------------------
(Chinese Version)
彭清华出席2026年“鼓岭缘”中美青少年棒球友谊赛暨体育交流周开幕式
新华社福州6月29日电(记者吴梦桐、李慧颖)6月29日,2026年“鼓岭缘”中美青少年棒球友谊赛暨体育交流周在福州开幕。全国人大常委会副委员长彭清华出席并发表主旨讲话。
彭清华指出,在习近平主席亲切关怀、亲自推动下,鼓岭已成为中美青少年拉近彼此距离、真诚对话交流的重要窗口。希望中美青少年以历史为根脉夯实两国关系的民心基础,以体育为载体搭建文明互鉴的青春桥梁,以和平为主线凝聚共护世界安宁的强大合力,把短期相聚的火种转化为传承鼓岭情缘的持续接力,让中美民间友好事业薪火永续,为中美关系发展注入更多正能量。
活动由中国人民对外友好协会、国家体育总局和福建省人民政府共同主办。中美8支青少年棒球队、“鼓岭之友”、飞虎队友谊学校学生、友城代表等约400人参加。(完)
图说1、2:6月29日,演员在2026年“鼓岭缘”中美青少年棒球友谊赛暨体育交流周开幕式上演出。新华社记者 姜克红 摄
图说3:6月29日,前来参加2026年“鼓岭缘”中美青少年棒球友谊赛暨体育交流周开幕式的美国底特律棒球队球员在场外合影。新华社记者 姜克红 摄








