ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Playa Grande ဒေသတွင် ကယ်ဆယ်ရေးဝန်ထမ်းများက ပြိုကျနေသော အဆောက်အဦပေါ်တွင် လုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Playa Grande ဒေသတွင် ကယ်ဆယ်ရေးဝန်ထမ်းများက ပြိုကျနေသော အဆောက်အဦပေါ်တွင် လုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ဗင်နီဇွဲလားနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဗင်နီဇွဲလားပြည်သူများနှင့် အတူရပ်တည်နေခြင်းကို ကျေးဇူးတင်ရှိကြောင်း ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ Delcy Rodríguez က ဇွန် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကူညီမှုများကို နေအိမ်တည်ဆောက်မှု၊ မဖြစ်မနေလိုအပ်သောပစ္စည်း၊ စက်ပစ္စည်းနှင့် ကုန်ကြမ်းများ ဝယ်ယူမှု အပါအဝင် ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဗင်နီဇွဲလားအနေဖြင့် တရုတ်နိုင်ငံ၏ အဆိုပါ စေတနာစစ်မှန်သော လူသားချင်းစာနာထောက်ထားမှုလုပ်ဆောင်ချက်အပေါ် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း Delcy Rodríguez က လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

委内瑞拉代总统:感谢中国与委内瑞拉人民站在一起

新华社加拉加斯6月30日电(记者田睿)委内瑞拉代总统德尔西·罗德里格斯6月30日说,感谢中国政府在委内瑞拉地震后与该国人民站在一起。  

罗德里格斯通过社交媒体表示,中方的援助将用于支持地震后的重建工作,包括住房建设,购置必需物资、设备和材料。委方对中方这一真挚人道主义举动表示衷心的感谢。(完

图说:6月28日,在委内瑞拉拉瓜伊拉州普拉亚格兰德,救援人员在一处倒塌的建筑物上工作新华社