တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဇူလိုင် ၁ ရက်တွင် ကျင်းပမည့် ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ CPC စံပြပါတီဝင်များအား ပါတီ၏ အမြင့်ဆုံး ဂုဏ်ပြုမှုဖြစ်သော ဇူလိုင် ၁ ရက် ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ယင်းအခမ်းအနား၌ အရေးကြီးမိန့်ခွန်းလည်း ပြောကြားမည်ဖြစ်ပြီး ထိုအခမ်းအနားကို ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် နံနက် ၁၀ နာရီ၌ စတင်ကျင်းပမည်ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ကို ၁၉၂၁ ခုနှစ် ဇူလိုင် ၁ ရက်က တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၁ ရက်၌ ကျင်းပမည့် အခမ်းအနားအတွင်း နိုင်ငံတစ်ဝန်းမှ ထူးချွန်သော ပါတီဝင်များ၊ ပါတီအလုပ်သမားများနှင့် အခြေခံအဆင့် ပါတီအဖွဲ့အစည်းများကို ဂုဏ်ပြုမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကို China Media Group နှင့်
xinhuanet.com မှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ ထိုအခမ်းအနားကို people.cn ၊ cctv.com နှင့်
china.com.cn အပါအဝင် ဦးဆောင်မီဒီယာအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်များအပြင် People's Daily ၊
Xinhua News Agency နှင့် China Central Television တို့၏ မိုဘိုင်း အက်ပ်များ (mobile apps) မှလည်း တစ်ပြိုင်နက် ထပ်ဆင့်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..

(English Version)

Xi to confer July 1 Medal, address gathering marking CPC's 105th founding anniversary

BEIJING, June 29 (Xinhua) -- Xi
Jinping, general secretary of the Communist Party of China (CPC) Central Committee, will confer the July 1 Medal, the Party's highest honor, on model
CPC members at a gathering marking the Party's 105th founding anniversary on Wednesday.

Xi, also Chinese president and chairman of the Central Military Commission, will deliver an important speech
at the event, which will begin at 10 a.m. at the Great Hall of the People in Beijing.

The CPC was founded on July 1, 1921.

At Wednesday's gathering, outstanding Party members, Party workers, and primary-level Party organizations from across the country will also be honored.

The event will be broadcast live by China Media Group and xinhuanet.com. It will also be relayed simultaneously on websites of leading media organizations, including people.cn, cctv.com, and china.com.cn, as well as on mobile apps run by People's Daily, Xinhua News Agency, and China Central Television.

Photo: A concert is held in celebration of the 105th anniversary of the founding of the Communist Party of China (CPC) in Beijing, capital of China, June 29, 2026. (Xinhua/Yue Yuewei)