ဗင်နီဇွဲလားနိုင်ငံ ကရာကက်စ်မြို့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ‌ထောက်အကူပြုပစ္စည်းများကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ ကရာကက်စ်မြို့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ‌ထောက်အကူပြုပစ္စည်းများကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံရှိ တရုတ်အသိုင်းအဝိုင်းက ဇွန် ၂၉ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီအထိ တန်ချိန် ၁,၇၀၀ နီးပါးရှိ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ပြီးဖြစ်ကြောင်း ပဏာမအချက်အလက်များအရ သိရသည်။

ဗင်နီဇွဲလားနိုင်ငံရှိ တရုတ်အသင်းများအဖွဲ့ချုပ်နှင့် အခြားတရုတ်အသိုင်းအဝိုင်းအဖွဲ့အစည်းများက ၎င်းနိုင်ငံရှိ ပြည်ပရောက်တရုတ်နွယ်ဖွားများထံမှ လှူဒါန်းမှုများကို ပေါင်းစု၍ အရေအတွက် သောင်းနှင့်ချီ‌သော ငလျင်ဘေးသင့် ဗင်နီဇွဲလား အိမ်ထောင်စုများအတွက် အကူအညီများ ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။ (Xinhua)

..................

(English Version)

Chinese community in Venezuela donates nearly 1,700 tonnes of quake relief supplies

CARACAS, June 29 (Xinhua) -- The Chinese community in Venezuela has donated nearly 1,700 tonnes of earthquake relief supplies as of 2 p.m. local time Monday, according to preliminary statistics.

The Federation of Chinese Associations in Venezuela and other Chinese community groups have organized donations from overseas Chinese in the country, providing assistance to tens of thousands of Venezuelan families affected by the disaster. ■

English Caption

This photo taken on June 28, 2026 shows humanitarian aid supplies in Caracas, Venezuela. (Photo by Marcos Salgado/Xinhua)