
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ခမ်းနားစွာ ကျင်းပမည်ဖြစ်သည်။ အဆိုပါအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က “ဇူလိုင် ၁ ရက် ဆုတံဆိပ်” ရရှိသူများအား ဆုတံဆိပ်ချီးမြှင့်ပြီး အရေးကြီးအမှာစကား ပြောကြားမည်ဖြစ်သည်။ အခမ်းအနားတွင် တရုတ်နိုင်ငံတစ်ဝန်းမှ ထူးချွန် ကွန်မြူနစ်ပါတီဝင်၊ နိုင်ငံတစ်ဝန်း ထူးချွန်ပါတီလုပ်ငန်း ဆောင်ရွက်သူများနှင့် နိုင်ငံတစ်ဝန်း ထူးချွန်အခြေခံအလွှာ ပါတီအဖွဲ့အစည်းများအား ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
新华社快讯:庆祝中国共产党成立105周年大会将举行
新华社快讯:庆祝中国共产党成立105周年大会将于7月1日上午10时在人民大会堂隆重举行。中共中央总书记、国家主席、中央军委主席习近平将向“七一勋章”获得者颁授勋章并发表重要讲话。大会还将对全国优秀共产党员、全国优秀党务工作者和全国先进基层党组织进行表彰。
图说1:7月1日上午10时,庆祝中国共产党成立105周年大会将在北京人民大会堂隆重举行。这是“七一勋章”获得者吴亚琴抵达人民大会堂。 新华社记者 张领 摄
图说2:7月1日上午10时,庆祝中国共产党成立105周年大会将在北京人民大会堂隆重举行。这是“七一勋章”获得者赵亚夫向欢迎的少年儿童致意。 新华社记者 刘卫兵 摄








