ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဂျပန်အဖွဲ့အစည်း ၂၀ ကို ပို့ကုန်ထိန်းချုပ်ရေးစာရင်းတွင် ထည့်သွင်းရန်၊ ဂျပန်အဖွဲ့အစည်း ၂၀ ကို စောင့်ကြည့်စာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်ချက်ချကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဇွန် ၂၉ ရက် ထုတ်ပြန်သော ကြေညာချက်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက သက်ဆိုင်ရာ တရုတ်အာဏာပိုင်ဌာနများသည် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းပြောကြား၍ ကြေညာချက် ထုတ်ပြန်ပြီးဖြစ်ကြောင်း ထိုနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် တရုတ်နိုင်ငံ၏ ထိုလုပ်ဆောင်ချက်များသည် အပြည့်အဝ လျော်ကန်မှု၊ ကျိုးကြောင်းဆီလျော်မှု၊ တရားဝင်မှုရှိပြီး ဂျပန်၏ “စစ်ရေးဝါဒပုံစံသစ်” ဟူသော ဆင်ခြင်မဲ့ လုပ်ရပ်များကို ပြတ်ပြတ်သားသား ဟန့်တားရန် ရည်ရွယ်ကြောင်း အလေးပေးပြောကြားလိုပါသည်ဟု ၎င်းက ပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ဂျပန်ဘက်က လမ်းမှားရောက်နေသည်ကို သတိပြုမိပြီး လမ်းမှန်သို့ ပြန်လှည့်ရန်၊ မှားယွင်းသော လုပ်ရပ်များကို ပြုပြင်ရန်၊ အမှန်တကယ် ပြန်လည်သုံးသပ်ကာ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်လျှောက်လှမ်းရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံက ဥပဒေနှင့်အညီ စာရင်းပြုစုသည့် လုပ်ဆောင်ချက်များသည် ဂျပန်အဖွဲ့အစည်းအနည်းငယ်ကိုသာ ဦးတည်ကာ သက်ဆိုင်ရာ အစီအမံများမှာလည်း စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းများအတွက်သာ ပစ်မှတ်ထားခြင်းဖြစ်ပြီး တရုတ်- ဂျပန်အကြား ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်ရေးဖလှယ်မှုများကို ထိခိုက်မည်မဟုတ်ကြောင်း၊ ရိုးသားပြီး ဥပဒေ လိုက်နာသော ဂျပန်အဖွဲ့အစည်းများအနေဖြင့် လုံးဝစိုးရိမ်စရာမရှိကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
...................
(Chinese Version)
中国外交部谈对日出口管制措施:完全正当、合理、合法
新华社北京6月29日电(记者冯歆然、马卓言)就中国商务部29日发布公告,决定将20家日本实体列入出口管制管控名单,将20家日本实体列入关注名单,中国外交部发言人郭嘉昆当天在例行记者会上答问时表示,中方主管部门已经发布公告并阐明中方立场。我们要强调的是,中方此举完全正当、合理、合法,旨在坚决遏制日本“新型军国主义”妄动。
郭嘉昆说,我们希望日方迷途知返,纠正错误行径,真正反思并回到正确轨道。中方依法列单的行为仅针对少数日本实体,相关措施仅针对两用物项,不影响中日正常经贸往来。诚信守法的日本实体完全无需担心。(完)








