တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud တို့ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၃၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-ဆော်ဒီအာရေဗျ ဆက်ဆံရေးအား ဖွံ့ဖြိုးတိုးတက်စေခြင်းသည် သမ္မတ ရှီကျင့်ဖိန်နှင့် ဘုရင် Salman bin Abdulaziz Al Saud ၊ အိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် Mohammed bin Salman Al Saud တို့က နှစ်နိုင်ငံပြည်သူများ၏ အခြေခံကျပြီး ရေရှည်ဖြစ်သောအကျိုးစီးပွားများကို ရှေးရှု၍ ချမှတ်ခဲ့သော မဟာဗျူဟာမြောက် ရွေးချယ်မှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရန်၊ နီးကပ်စွာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်၊ နှစ်နိုင်ငံဆက်ဆံရေး အဆက်မပြတ် တိုးတက်ရေး မြှင့်တင်ရန် ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်-အီရန် စေ့စပ်ညှိနှိုင်းမှု ပြန်လည်စတင်ခြင်းကို ကြိုဆိုပြီး ဆော်ဒီအာရေဗျနိုင်ငံနှင့်အတူ ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

Faisal က ဆော်ဒီအာရေဗျနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်း အခြေခံမူကို အခိုင်အမာ လက်ကိုင်ထားပြီး တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးအနှစ်သာရကို အဆက်မပြတ် ကြွယ်ဝစေရန် ဆောင်ရွက်သွားလိုကြောင်း၊ ဆော်ဒီအာရေဗျသည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံများကို ထောက်ခံအားပေးပြီး တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းအခြေအနေ ပြေလျော့ရေးကို တွန်းအားပေးမှုနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို လေးစားချီးကျူးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud တို့ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

..............................

(Chinese Version)

王毅同沙特外交大臣费萨尔会谈

新华社北京6月30日电(记者马卓言)中共中央政治局委员、外交部长王毅30日在京同沙特外交大臣费萨尔举行会谈。  

王毅表示,发展中沙关系是习近平主席同萨勒曼国王、穆罕默德王储兼首相着眼两国人民根本和长远利益作出的战略抉择。中方愿同沙方深化战略互信,紧密沟通协作,推动两国关系不断迈进。中方欢迎美伊开启谈判,愿同沙方一道继续为地区长治久安作出努力。

费萨尔表示,沙方坚定恪守一个中国原则,愿同中方不断丰富两国关系内涵。沙方支持习近平主席提出的系列全球性倡议,赞赏中方为推动地区局势缓和发挥的建设性作用。(完)

图说:6月30日,中共中央政治局委员、外交部长王毅在北京同沙特外交大臣费萨尔举行会谈。 新华社记者 庞兴雷 摄