
ကရာကက်စ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ၌ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး ၆ ရက်အကြာတွင် အဆောက်အဦတစ်ခု၏ အပျက်အစီးများကြားမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ Delcy Rodriguez က ဇွန် ၃၀ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
“ဇွန် ၃၀ ရက် နံနက်ပိုင်းမှာ အသက် ၃ နှစ်အရွယ် ကလေးငယ် Klieber Moran ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သူဟာ La Guaira ပြည်နယ် အဆောက်အဦအပျက်အစီး တစ်ခုအောက်မှာ ၆ ရက်ကြာ ပိတ်မိနေခဲ့တာပါ။ လက်ရှိမှာတော့ သူ့ကို ရွှေ့ပြောင်းထားပြီး ဆေးကုသမှုတွေ ခံယူနေပါတယ်” ၊ ဂျော်ဒန်ကယ်ဆယ်ရေးအဖွဲ့က ယခုအကြိမ်ကယ်ဆယ်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Delcy Rodriguez က ပြောကြားခဲ့သည်။
La Guaira ပြည်နယ်သည် ဗင်နီဇွဲလားငလျင်တွင် ငလျင်ဘေးဒဏ်သင့်မှု အပြင်းထန်ဆုံးဒေသဖြစ်သည်။ ကယ်ဆယ်ရေးဝန်ထမ်းအနည်းငယ်သည် အချင်းဖြစ်ပွားရာနေရာရှိ အုတ်ကျိုးအုတ်ပဲ့ စသည့် အပျက်အစီးများကို ကိရိယာများဖြင့် ဂရုတစိုက်သတိထားဖယ်ရှားပြီး တူးဖော်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို နာရီအနည်းငယ်ကြာဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း အချင်းဖြစ်ပွားရာနေရာမြင်ကွင်းများအရ သိရသည်။ Klieber Moran ကို လုံးဝပြိုလဲနေသော အဆောက်အဦကြားမှ ကယ်ထုတ်လာစဉ်တွင် သတိရှိနေပြီး အသက်ရှူနေဆဲဖြစ်ရာ လူနာတင်ယာဉ်ပေါ်သို့ ချက်ချင်းတင်၍ ကုသကယ်ဆယ်ရေးစင်တာသို့ ပို့ဆောင်ခဲ့ကာ တစ်ဆင့်တိုးစစ်ဆေးမှုနှင့် ဆေးကုသမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez က နိုင်ငံအတွင်း မကြာသေးမီက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှစ်ကြိမ်ကြောင့် လူ ၁,၉၄၃ ဦး သေဆုံးပြီး ၁၀,၅၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လူ ၂၈,၃၈၀ ဦးသည် ဆေးကုသရေးအဖွဲ့အစည်းနှင့် ယာယီဆေးရုံများ၌ ဆေးကုသမှုခံယူနေကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းစတင်ချိန်မှစ၍ လူ ၆,၄၆၁ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ထိုနေ့တွင်ကျင်းပသော ငလျင်ဒဏ်သင့်မှု အခြေအနေ ရှင်းလင်းမိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)


--------------------------------------------------------------------------------------
(Chinese Version)
委内瑞拉强震6天后一名3岁儿童获救
新华社加拉加斯6月30日电(记者田睿 赵鑫虎)委内瑞拉代总统德尔西·罗德里格斯6月30日在社交媒体上说,一名3岁儿童在委内瑞拉强震发生6天后,从一栋建筑物废墟中被救出。
“30日凌晨,3岁的克利贝尔·莫兰获救,他在拉瓜伊拉州一栋大楼废墟下被困6天。目前,他已被转移并接受医疗救治。”德尔西·罗德里格斯说,约旦救援队实施了此次救援。
拉瓜伊拉州是委内瑞拉地震受灾最严重的地区。现场画面显示,几名救援人员用工具小心翼翼移除现场瓦砾等杂物,挖掘和搜救工作持续数小时。莫兰从完全倒塌的建筑物中被救出时仍有意识和呼吸,被立即抬上救护车送至医疗救护中心,接受进一步检查和治疗。
委内瑞拉全国代表大会主席豪尔赫·罗德里格斯当天在灾情通报会上表示,该国日前发生的两次强震已造成1943人死亡、10571人受伤,28380人在医疗机构和野战医院接受救治。自救援行动开始以来,已有6461人获救。(完)
图说1:6月25日,在委内瑞拉拉瓜伊拉州,人们在废墟中搜寻幸存者。新华社发(马科斯·萨尔加多摄)
图说2:6月28日,在委内瑞拉拉瓜伊拉州普拉亚格兰德,救援人员在一处倒塌的建筑物上工作。新华社发








