
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ခမ်းနားစွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ထိုင်ဝမ်အရေး ကိုင်တွယ်ဖြေရှင်းရန်၊ အမိနိုင်ငံ အပြည့်အဝပေါင်းစည်းမှု ဖော်ဆောင်ရန်မှာ မိမိတို့ပါတီ၏ သန္နိဋ္ဌာန်ဖြစ်ပြီး ဘယ်သောအခါမှ ပြောင်းလဲသွားမည်မဟုတ်သော သမိုင်းဝင်တာဝန်တစ်ရပ်ဖြစ်သလို၊ တရုတ်လူမျိုးတစ်ရပ်လုံး၏ ဘုံမျှော်မှန်းချက်လည်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခေတ်သစ်ကာလ ထိုင်ဝမ်အရေး ဖြေရှင်းမှုဆိုင်ရာ ပါတီ၏ အလုံးစုံနည်းဗျူဟာကို နက်ရှိုင်းစွာ အပြည့်အဝဖော်ဆောင်ရမည် ဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို အခိုင်အမာလက်ကိုင်ထားရန်၊ များပြားလှသော ထိုင်ဝမ်သွေးချင်းနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ရေလက်ကြားနှစ်ဖက် ကူးလူးပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်း ဖွံ့ဖြိုးတိုးတက်မှုများကို နက်ရှိုင်းစေရန်၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုကို ပြတ်ပြတ်သားသား တိုက်ဖျက်ကာ ပြည်ပအင်အားစု ကြားဝင်စွက်ဖက်ခြင်းကို ဆန့်ကျင်ပြီး အမိနိုင်ငံပေါင်းစည်းရေးလုပ်ငန်းကြီးကို အခိုင်အမာ တွန်းအားပေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
.............................
(Chinese Version)
新华社快讯:习近平说,解决台湾问题、实现祖国完全统一,是我们党矢志不渝的历史任务,是全体中华儿女的共同愿望。我们要深入贯彻新时代党解决台湾问题的总体方略,坚持一个中国原则和“九二共识”,团结广大台湾同胞,深化两岸交流合作和融合发展,坚决打击“台独”分裂势力,反对外部势力干涉,坚定推进祖国统一大业。
新华社快讯:习近平说,解决台湾问题、实现祖国完全统一,是我们党矢志不渝的历史任务,是全体中华儿女的共同愿望。我们要深入贯彻新时代党解决台湾问题的总体方略,坚持一个中国原则和“九二共识”,团结广大台湾同胞,深化两岸交流合作和融合发展,坚决打击“台独”分裂势力,反对外部势力干涉,坚定推进祖国统一大业。
图说:7月1日上午10时,庆祝中国共产党成立105周年大会在北京人民大会堂隆重举行。 新华社记者 申宏 摄








