
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) အား တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၅ နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ရာ ယင်း၏ ခရီးလမ်းသည် ကြံ့ကြံ့ခံနိုင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ခိုင်မာအားကောင်းသော ခေါင်းဆောင်မှုဟူသော သမိုင်းပေးတာဝန်တစ်ရပ်ကို ကိုယ်စားပြုလျက်ရှိသည်။ CPC အနေဖြင့် ပါတီတည်ထောင်သည့် ရည်မှန်းချက်အတိုင်း ဦးလည်မသုန် ဖော်ဆောင်လျက်ရှိကာ လူသားတို့၏ သမိုင်းတွင် အကျယ်ပြန့်ဆုံးသော ခေတ်မီအသွင်ပြောင်းမှု ဖြစ်စဉ်များထဲမှ တစ်ခုကို ဦးဆောင်ဦးရွက်ပြုခဲ့သည်။
တိုင်းတစ်ပါးမှ အနိုင်ကျင့်စော်ကားမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် တိုင်းပြည်အား ကယ်တင်သည့် ကြိုးပမ်းချက်များ မအောင်မြင်မှုတို့ကို ကြုံတွေ့ခဲ့ရသည့် အင်အားချည့်နဲ့သော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ရသည့် အခြေအနေ၌ တရုတ်ပြည်သူများအတွက် ပျော်ရွှင်မှုသုခများ၊ တရုတ်နိုင်ငံအတွက် ပြန်လည်အားသစ်လောင်းမှုများ ဆောင်ကြဉ်းပေးမည်ဟူသော သမိုင်းပေးတာဝန်တစ်ရပ်နှင့်အတူ CPC အား ၁၉၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ CPC အနေဖြင့် နိုင်ငံလွတ်လပ်ရေးနှင့် ပြည်သူများ၏ လွတ်မြောက်မှုအတွက် မဆုတ်မနစ် ကြိုးပမ်းအားထုတ်ရာတွင် တိုင်းရင်းသားလူမျိုးစု အသီးသီးပါဝင်သော တရုတ်ပြည်သူများအား စုစည်းညီညွတ်စေခဲ့ကာ မားမားမတ်မတ် ဦးဆောင်မှုပေးခဲ့သည်။ နောက်ပိုင်း ဆယ်စုနှစ်ကာလများတွင်လည်း CPC သည် သာယာဝပြောမှု၊ အင်အားတောင့်တင်းမှု၊ ပြည်သူများ၏ လူမှုဘဝ ပိုမိုသာယာကောင်းမွန်မှုဆီသို့ ဦးတည်လျှောက်လှမ်းရာတွင် တရုတ်နိုင်ငံအား ဆက်လက်ဦးဆောင်လျက်ရှိသည်။
CPC ၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ သိပ္ပံနှင့်နည်းပညာ နယ်ပယ်၌ ကြီးမားသော တိုးတက်မှုများကို ဖန်တီးနိုင်ခဲ့ရုံသာမက ပြည်သူများ၏ လူနေမှုအဆင့်အတန်းကိုလည်း သိသိသာသာ တိုးတက်မြင့်မားစေခဲ့ပြီး မတည်ငြိမ်သော ကမ္ဘာကြီးတွင် တည်ငြိမ်မှုနှင့် သေချာရေရာမှုတို့ကို ပေးစွမ်းသော အရေးကြီးအင်အားတစ်ရပ် ဖြစ်လာခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်အရောက်တွင် ဆိုရှယ်လစ်ဝါဒနှင့်အညီ ခေတ်မီအသွင်ပြောင်းမှု ပီပီပြင်ပြင် အထမြောက်အောင်မြင်ရေးအတွက် မျက်နှာစာအသီးသီး၌ အရှိန်အဟုန်မပျက် တွန်းအားပေးလုပ်ဆောင်လျက်ရှိပေသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260630/24e44a50bbf1434cbe56d93ebdd0cab3/c.html


.....................................................................
(English Version)
At 105, the CPC embodies a mission of resilience, innovation and leadership
BEIJING, June 30 (Xinhua) -- As the Communist Party of China (CPC) marks its 105th anniversary, its journey represents a mission of resilience, innovation and strong leadership. Staying true to its founding aspiration, the CPC has led one of the most far-reaching modernization transformations in human history.
Against the backdrop of a weak country that suffered from foreign humiliation, poverty, and failed attempts to save the nation, the CPC was founded in 1921 with a mission to seek happiness for the Chinese people and rejuvenation for the Chinese nation. The CPC united and led the Chinese people of all ethnic groups in working tirelessly to achieve national independence and the people's liberation. In the following decades, the CPC has continued to lead China's journey toward prosperity, strength and a better life for its people.
Under the leadership of the CPC, China has grown into the world's second-largest economy, made major advances in science and technology, significantly improved people's living standards, and become an important force of stability and certainty in a turbulent world. As the world's largest developing country, China is pushing ahead on all fronts toward basically achieving socialist modernization by 2035.
https://english.news.cn/20260630/24e44a50bbf1434cbe56d93ebdd0cab3/c.html
English Caption 1
A gathering in celebration of the 105th founding anniversary of the Communist Party of China (CPC) is held at the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Zhai Jianlan)
English Caption 2
A drone photo taken on Sept. 28, 2025 shows a view of the Huajiang Grand Canyon Bridge against the setting sun in southwest China's Guizhou Province. (Xinhua/Yang Wenbin)
English Caption 3
A worker installs a tyre at the production base complex of Chinese leading EV maker BYD in Camacari, Bahia State, Brazil, June 12, 2026. (Xinhua/Jin Haoyuan)








