တောင်အာဖရိကနိုင်ငံ မြို့တော်ကိပ်တောင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အာဖရိကသတ္တုတူးဖော်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရေး ညှိနှိုင်းဆွေးနွေးပွဲ၌ သတ္တုတူးဖော်ရေးလုပ်ငန်းပြပွဲရှိ တရုတ်ကုမ္ပဏီတစ်ခု၏ ပြခန်းသို့ လာရောက်ကြည့်ရှုကြသူများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခါတွမ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် တရုတ်နိုင်ငံအား နိုင်ငံအခြေအနေများနှင့် ကိုက်ညီအောင် ရေးဆွဲထားသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း ထိန်းမတ်လမ်းညွှန်လာခဲ့ပြီး "လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများ ရှာဖွေနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသော မှီငြမ်းစရာ" ကို ပံ့ပိုးပေးကြောင်း ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Ali Yousif Ahmed က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် CPC ၏ ဦးဆောင်မှုအောက်တွင် လျင်မြန်သော စီးပွားရေးတိုးတက်မှုနှင့် ရေရှည်လူမှုရေးတည်ငြိမ်မှုတို့ကို ရရှိလာခဲ့ကြောင်း Yousif က ဆင်ဟွာသတင်းဌာနနှင့် မကြာသေးမီက စာဖြင့်အင်တာဗျူး၌ ပြောကြားခဲ့သည်။

"အချက်အလက်တွေကနေ အမှန်တရားကို ရှာဖွေတာက ပါတီ (CPC) ရဲ့ စီမံခန့်ခွဲမှုအတွေ့အကြုံရဲ့ အခြေခံသဘောတရားပါ" ဟု ၎င်းက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံသည် ပြည်ပပုံစံများကို ပုံတူမကူးဘဲ ၎င်း၏မူဝါဒများအား နိုင်ငံ လက်တွေ့အခြေအနေများအပေါ် အခြေခံထားကာ ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်ခြင်းမပြုမီ ရှေ့ပြေးအဆင့်ဖြင့် ပြုပြင်ပြောင်းလဲမှုများကို စမ်းသပ်လုပ်ဆောင်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260630/5cca0b1d51cc4ec9944b44a851368258/c.html

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ဟိုင်ဟဲမြစ်ပေါ်မှ ချစ်ဖုန်း တံတားအနီး စီးပွားရေးလုပ်ငန်းသုံးနှင့် အပန်းဖြေနေရာ၌ ဟိုင်ဟဲမြစ်၏ ညမြင်ကွင်းအား ကြည့်ရှုနေကြသူများကို ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

(English Version)

Developing world can learn from CPC on development paths -- former Sudanese FM

KHARTOUM, June 30 (Xinhua) -- The Communist Party of China (CPC) has guided the country along a development path tailored to its national conditions, providing "an important reference for developing countries seeking independent development paths," said Ali Yousif Ahmed, former Sudanese foreign minister.

China, under CPC's leadership, has achieved rapid economic growth and long-term social stability, Yousif told Xinhua recently in a written interview.

"Seeking truth from facts is the fundamental ideological basis of the Party(CPC)'s governance experience," he said, adding that China does not replicate foreign models, but instead grounds its policies in national realities, testing reforms on a pilot basis before broader implementation.

https://english.news.cn/20260630/5cca0b1d51cc4ec9944b44a851368258/c.html

English Caption 1

People visit a Chinese company's booth at the mining exhibition of the Investing in African Mining Indaba 2026 in Cape Town, South Africa, Feb. 9, 2026. (Xinhua/Wang Lei)  

English Caption 2

People enjoy the night view of Haihe River at a commercial and leisure complex near the Chifeng bridge on the Haihe River in north China's Tianjin, June 19, 2026. (Xinhua/Zhao Zishuo)