
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ခမ်းနားစွာ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဖွံ့ဖြိုးတိုးတက်မှု ခေတ်ရေစီးကြောင်းနှင့်အညီ ခေတ်၏ ရှေ့တန်းမှာ အစဉ်အမြဲ လျှောက်လှမ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မိမိတို့ပါတီသည် မြင့်မားသော သမိုင်းဆိုင်ရာ သိနားလည်မှုနှင့် ကျယ်ပြန့်သော ကမ္ဘာ့အမြင်ကို လက်ကိုင်ထားပြီး တရုတ်နိုင်ငံ အခြေအနေနှင့် ခေတ်၏ အဓိကအကြောင်းအရာများကို ရှင်းလင်းပြတ်သားစွာ ရယူထားကြောင်း၊ ပြောင်းလဲမှုများကို တက်ကြွစွာ ခွဲခြားသိမြင်ခြင်း၊ တုံ့ပြန်ခြင်းနှင့် ရှာဖွေခြင်းတို့ကို ပြုလုပ်ကာ ရှေ့သို့တိုးချဲ့တိုးတက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း၊ ပါတီ၏ လုပ်ငန်းဆောင်တာ အသီးသီးတွင် ခေတ်ကာလနှင့် လျော်ညီမှု၊ ဥပဒေသဘောကို လက်ကိုင်ထားမှုနှင့် ဖန်တီးနိုင်စွမ်း ကြွယ်ဝမှုတို့ကို ပေါ်လွင်ရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံနှင့် လူမျိုးအား သမိုင်းဦးတည်ချက်၏ ယုတ္တိဗေဒအတိုင်း ရှေ့သို့ တက်လှမ်းရန်၊ ခေတ်၏ ဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရန် ဦးဆောင်ခဲ့ရာ ခေတ်၏ ရှေ့ဆောင်၊ လူမျိုး၏ မဏ္ဍိုင်အဖြစ် ထိုက်ထိုက်တန်တန် ဖြစ်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
...................
(Chinese Version)
新华社快讯:习近平说,顺应发展潮流,始终走在时代前列。我们党秉持高度的历史自觉和宽广的世界眼光,清醒把握中国国情和时代主题,积极识变应变求变,锐意开拓进取,推动党的各项工作体现时代性、把握规律性、富于创造性,引领国家和民族在历史前进的逻辑中前进、在时代发展的潮流中发展,成为当之无愧的时代先锋、民族脊梁。
新华社快讯:习近平说,顺应发展潮流,始终走在时代前列。我们党秉持高度的历史自觉和宽广的世界眼光,清醒把握中国国情和时代主题,积极识变应变求变,锐意开拓进取,推动党的各项工作体现时代性、把握规律性、富于创造性,引领国家和民族在历史前进的逻辑中前进、在时代发展的潮流中发展,成为当之无愧的时代先锋、民族脊梁。
图说:7月1日上午10时,庆祝中国共产党成立105周年大会在北京人民大会堂隆重举行。 新华社记者 岳月伟 摄








