
မက်ဒရစ်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဘေယာလေဗာကူဆင်အသင်းမှ စပိန်လက်ရွေးစင် ဘယ်နောက်ခံလူ အလီဂျန်ဒရို ဂရီမယ်လ်ဒိုကို ၂၀၃၀ ပြည့်နှစ် ဇွန်လကုန်အထိ လေးနှစ်သက်တမ်းရှိ စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း အက်သလက်တီကို မက်ဒရစ်အသင်းက ဇွန် ၃၀ ရက်၌ အတည်ပြုခဲ့သည်။
လက်ရှိတွင် စပိန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားနေသော အသက် ၃၀ နှစ်အရွယ် ဂရီမယ်လ်ဒိုသည် ဘာစီလိုနာအသင်း၌ ၎င်း၏ ကစားသမားဘဝကို စတင်ခဲ့သော်လည်း အကြီးတန်းပွဲများ မကစားခဲ့ဘဲ ၂၀၁၆ ခုနှစ်တွင် ဘင်ဖီကာအသင်းသို့ သွားရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၌မူ ဘေယာလေဗာကူဆင်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
၎င်းသည် ဂျာမန်ကလပ် ဘေယာလေဗာကူဆင်အသင်းအတွက် သွင်းဂိုး ၃၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၄၀ ကျော် ပြုလုပ်ခဲ့ကာနောက် စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေခဲ့သည်။
"အက်သလက်တီကိုဟာ စပိန်နိုင်ငံရဲ့ အကြီးဆုံးကလပ်အသင်းတွေထဲက တစ်သင်းပါ" ဟု ဂရီမယ်လ်ဒိုက ပြောကြားခဲ့သည်။ "ကျွန်တော့် ရည်မှန်းချက်က ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ စပိန်ကို ပြန်လာဖို့ပါ။ ကျွန်တော့်ရဲ့ အေးဂျင့်က ကျွန်တော် ဘယ်ကိုသွားချင်လဲဆိုတာ သိပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံးဆန္ဒက အက်သလက်တီကို သွားဖို့ပါ။ အခုတော့ အဲဒါ ဖြစ်မြောက်ခဲ့ပါပြီ" ဟုလည်း ၎င်းက ဆိုသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း စပိန်အသင်းမှ ကစားသမားသုံးဦးမှာ အသင်းပြောင်းကစားခဲ့ကြပြီး ၎င်းတို့တွင် Marc Cucurella က ချဲလ်ဆီးမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခဲ့ပြီး တောင်ပံကစားသမား Victor Munoz က အိုဆာဆူနာမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ (Xinhua)
.................
(English Version)
Spain international Grimaldo signs for Atletico Madrid
MADRID, June 30 (Xinhua) -- Atletico Madrid on Tuesday confirmed the signing of Spain international left-back Alejandro Grimaldo from Bayer Leverkusen on a four-year contract until the end of June 2030.
The 30-year-old, who is currently at the World Cup with Spain, began his career with FC Barcelona, but left for Benfica in 2016 without making a senior appearance, before joining Bayer Leverkusen in 2023.
He had a year left on his contract after scoring 30 goals and laying on over 40 assists for the German club.
"Atletico is one of the biggest clubs in Spain," Grimaldo said. "My goal was to return to Spain in this summer transfer window. My agent knew where I wanted to go. My first wish was to go to Atletico, and it's happened."
Three players with the Spain squad have swapped clubs during the World Cup, with Marc Cucurella moving from Chelsea to Real Madrid and winger Victor Munoz leaving Osasuna to join Liverpool. ■
English Caption
Alejandro Grimaldo of Bayer 04 Leverkusen celebrate scoring during the Bundesliga football match between FSV Mainz 05 and Bayer 04 Leverkusen in Mainz, Germany, Oct. 18, 2025. (Photo by Joachim Bywaletz/Xinhua)








