တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း၊ အီကွေဒေါနိုင်ငံခြားရေးဝန်ကြီးဟောင်း Maria Fernanda Espinosa တို့ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း၊ အီကွေဒေါနိုင်ငံခြားရေးဝန်ကြီးဟောင်း Maria Fernanda Espinosa နှင့် ပေကျင်းမြို့၌ ဇွန် ၃၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Espinosa က တရုတ်နိုင်ငံသည် နိုင်ငံတကာ စင်မြင့်တွင် မရှိမဖြစ်လိုအပ်သော အရေးကြီး အင်အားတစ်ရပ်ဖြစ်ကြောင်း၊ မိမိအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်ကို ထောက်ခံအားပေးကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။  

ဝမ်ရိက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သစ် ရွေးချယ်တင်မြှောက်ခြင်းသည် အနာဂတ် ကုလသမဂ္ဂ၏ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်နှင့် သက်ဆိုင်နေသည်သာမက ကျယ်ပြန့်လှသော အဖွဲ့ဝင်နိုင်ငံများ၏ တိုက်ရိုက်အကျိုးစီးပွားအပေါ် ပိုမိုသက်ဆိုင်မှုရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တာဝန်ယူမှုရှိသော သဘောထားဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ ဗဟိုချက်နှင့် ဦးဆောင်မှုအခန်းကဏ္ဍမှ ပိုမိုကောင်းမွန်စွာ ပါဝင်ဆောင်ရွက်နိုင်ရေးကို ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း၊ အီကွေဒေါနိုင်ငံခြားရေးဝန်ကြီးဟောင်း Maria Fernanda Espinosa တို့ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း၊ အီကွေဒေါနိုင်ငံခြားရေးဝန်ကြီးဟောင်း Maria Fernanda Espinosa တို့ ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

..........................

(Chinese Version)

王毅会见下任联合国秘书长候选人埃斯皮诺萨

新华社北京6月30日电(记者马卓言)中共中央政治局委员、外交部长王毅30日在京会见下任联合国秘书长候选人、前联合国大会主席、厄瓜多尔前外长埃斯皮诺萨。  

埃斯皮诺萨表示,中国是国际舞台不可或缺的重要力量,我坚定奉行一个中国原则,支持习近平主席提出的四大全球倡议,愿同国际社会一道,为应对全人类共同挑战发挥更大作用。  

王毅表示,下任联合国秘书长选举关系到未来联合国改革发展走向,更关系到广大会员国切身利益。中国将以负责任态度参与选举进程,支持联合国更好发挥全球治理核心和主导作用。(完)

图说:6月30日,中共中央政治局委员、外交部长王毅在北京会见下任联合国秘书长候选人、前联合国大会主席、厄瓜多尔前外长埃斯皮诺萨。 新华社记者 庞兴雷 摄