တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၊ ဝမ့်ကျိုးခရိုင်တွင် ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူများကို ရွှေ့ပြောင်းပေးနေသည့် ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၊ ဝမ့်ကျိုးခရိုင်တွင် ရေကြီးရေလျှံမှုကြောင့် ပိတ်မိနေသူများကို ရွှေ့ပြောင်းပေးနေသည့် ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ရေကြီးရေလျှံမှုထိန်းချုပ်ရေး၊ မိုးခေါင်ရေရှားမှု လျော့ပါးရေးနှင့် ဆက်စပ်သောလုပ်ငန်းများအား လေ့လာရန်နှင့် စီစဉ်ဆောင်ရွက်ရန် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအစည်းအဝေးကို ဇွန် ၃၀ ရက်က ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ယခုနှစ် အဓိကရေကြီးရေလျှံဖြစ်ပွားလေ့ရှိသော ရာသီတွင် ပုံမှန်ထက် ရာသီဥတုဆိုးဝါးမှုနှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြုံတွေ့မည်ဟု မျှော်လင့်ထားကြောင်း၊ တစ်ချိန်တည်းမှာပင် မိုးခေါင်ရေရှားမှုနှင့် ရေကြီးရေလျှံမှုများလည်း ဖြစ်ပွားလာနိုင်ကြောင်း ယင်းအစည်းအဝေးထံမှ သိရသည်။ ထို့ပြင် ဒေသအသီးသီးနှင့် ဆက်စပ်ဌာနများအားလုံးကို ရေကြီးရေလျှံမှုထိန်းချုပ်ရေး၊ မိုးခေါင်ရေရှားမှုလျော့ပါးရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် ခိုင်မာသော အစီအမံများ လုပ်ဆောင်ရန်လည်း အစည်းအဝေးက တိုက်တွန်းခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260630/e3ab88e2addd4d749053b2b8b6315a8f/c.html

……………………………………..

(English Version)

Xi chairs meeting on flood control, drought relief

BEIJING, June 30 (Xinhua) -- Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, on Tuesday chaired a meeting of the Political Bureau of the CPC Central Committee to study and arrange work related to flood control and drought relief.

China is expected to see more extreme weather and climate events than usual in its main flood season this year, with droughts and floods occurring at the same time, according to the meeting. It urged all regions and relevant departments to take solid measures to ensure effective flood control, drought relief, emergency response and disaster mitigation.

https://english.news.cn/20260630/e3ab88e2addd4d749053b2b8b6315a8f/c.html

Photo: Rescuers transfer flood-trapped residents in Wanzhou District, southwest China's Chongqing Municipality, July 4, 2023.  (Photo by Ran Mengjun/Xinhua)