တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ခမ်းနားစွာ ကျင်းပနေစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ခမ်းနားစွာ ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့်အား နိုင်ငံများစွာမှ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအဓိကပုဂ္ဂိုလ်များနှင့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက နည်းလမ်းမျိုးစုံဖြင့် ဂုဏ်ပြုခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇူလိုင် ၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းတို့သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်စဥ်ကတည်းကပင် အစဉ်အမြဲ ပြည်သူကို ဗဟိုပြုခြင်း၊ လက်တွေ့လုပ်ဆောင်ချက်ဖြင့် နိုင်ငံစည်ပင်တိုးတက်မှု ဖော်ဆောင်ခြင်းအား ခိုင်မာစွာ လက်ကိုင်ထားခြင်း၊ မိမိကိုယ်ကိုယ် အဆက်မပြတ် ပြည့်စုံတိုးတက်လာရန် လုပ်ဆောင်ခြင်း၊ တရုတ်ပြည်သူများကို ဦးဆောင်၍ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမြတ်သော အောင်မြင်မှုများ ဆွတ်ခူးရရှိခြင်း၊ ကမ္ဘာကြီးငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးအကျိုးဆောင်ကြဉ်းခြင်းတို့အပေါ် များစွာ တန်ဖိုးထား ချီးကျူးခဲ့ကြကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

多国政党政要各界人士祝贺中国共产党成立105周年

新华社北京7月1日电(记者邵艺博、马卓言)中国外交部发言人郭嘉昆7月1日在例行记者会上表示,多国政党政要和各界人士以各种方式祝贺中国共产党成立105周年,高度评价中国共产党成立以来始终以人民为中心,坚持实干兴邦,不断自我完善,领导中国人民取得经济社会发展伟大成就,为世界和平与发展作出重要贡献。(完

图说:7月1日上午10时,庆祝中国共产党成立105周年大会在北京人民大会堂隆重举行。 新华社记者 翟健岚