
ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၀၅ နှစ်တာ သမိုင်းကြောင်းမှာ တရုတ်နိုင်ငံ၏ မော်ကွန်းတင်ထိုက်သော အကြီးကျယ်အခမ်းနားဆုံး စွမ်းဆောင်မှုဖြစ်သည်ဟု ဇူလိုင် ၁ ရက်၌ ပြောကြားခဲ့ကာ ပါတီအနေဖြင့် တရုတ်နိုင်ငံအား ခေတ်မီဆိုရှယ်လစ်နိုင်ငံအဖြစ် တည်ဆောက်ရေးအတွက် ချမှတ်ထားသော အစီအစဉ်အတိုင်း အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
CPC တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ပါတီဝင်များအနေဖြင့် ၎င်းတို့၏ ခံယူချက်အတိုင်း တည်ကြည်ခိုင်မာစွာ ဆက်လက်ရပ်တည်ကာ ခေတ်သစ်ကာလနှင့် ခရီးစဉ်သစ်၌ ပါတီ၏ သမိုင်းပေးတာဝန်များကို ဖြည့်ဆည်းထမ်းဆောင်ရာတွင် မနားမနေ ကြိုးပမ်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260701/62e37f5ed79b41d2aefafe3bf37acbd9/c.html
………………………………………………..
(English Version)
Xi hails CPC's 105-year "epic," urges building modern socialist China
BEIJING, July 1 (Xinhua) -- Chinese President Xi Jinping on Wednesday hailed the 105-year history of the Communist Party of China (CPC) as the "most magnificent epic" of the Chinese nation and urged the Party to press ahead to build China into a modern socialist country on schedule.
Addressing a gathering marking the CPC's 105th founding anniversary, Xi, also general secretary of the CPC Central Committee and chairman of the Central Military Commission, called on Party members to remain steadfast in their convictions and work tirelessly to fulfill the Party's missions in the new era and on the new journey.
https://english.news.cn/20260701/62e37f5ed79b41d2aefafe3bf37acbd9/c.html
English Caption
A gathering in celebration of the 105th founding anniversary of the Communist Party of China (CPC) is held at the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Huang Jingwen)








