တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ XAG Co., Ltd. မှ ဒုတိယဥက္ကဋ္ဌ ချိန်ရိုစိန်းက စိုက်ပျိုးရေးလုပ်ငန်းသုံး မောင်းသူမဲ့ယာဉ်များအကြောင်း မိတ်ဆက်ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ XAG Co., Ltd. မှ ဒုတိယဥက္ကဋ္ဌ ချိန်ရိုစိန်းက စိုက်ပျိုးရေးလုပ်ငန်းသုံး မောင်းသူမဲ့ယာဉ်များအကြောင်း မိတ်ဆက်ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ XAG Co., Ltd. ကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စက်ရုပ်၊ ဉာဏ်ရည်တု (AI) နှင့် စွမ်းအင်သစ်နည်းပညာများဖြင့် စိုက်ပျိုးရေးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ပေးရေးကို အားစိုက်ဆောင်ရွက်လျက်ရှိသည်။ ၎င်းကုမ္ပဏီသည် စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး မောင်းသူမဲ့ယာဉ်များ၊ စိုက်ပျိုးရေးစက်ယန္တရား အလိုအလျောက်မောင်းနှင်မှုစနစ်များနှင့် စမတ်ရေသွင်းစနစ် အဆို့ရှင်များ စသည်တို့အပါအဝင် စမတ်စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများနှင့် စမတ်စိုက်ပျိုးရေးစီမံခန့်ခွဲမှုစနစ်များကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ် မတ်လအထိ XAG ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်း မူပိုင်ခွင့်လျှောက်ထားမှု စုစုပေါင်း ၄,၄၀၀ ကျော်ရှိခဲ့ပြီး ယင်းတို့အနက် တီထွင်မှုမူပိုင်ခွင့် ၁,၃၀၀ ကျော် ပါဝင်ကြောင်း၊ ၎င်းတို့၏ ထုတ်ကုန်များနှင့် သုံးစွဲသူများသည် ကမ္ဘာတစ်ဝန်း နိုင်ငံနှင့် ဒေသပေါင်း ၇၀ တွင် အနှံ့တည်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ တိကျသေချာသော စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများ ပံ့ပိုးပေးသူကဏ္ဍတွင် အရေးပါသောနေရာမှ ပါဝင်လျက်ရှိသည်။ (Xinhua)

....................................

(Chinese Version)

活力中国调研行|广州极飞科技:科技为农业赋能

新华社照片,广州,2026年6月29日

广州极飞科技股份有限公司成立于2007年,致力于用机器人、人工智能和新能源技术为农业赋能,研发了包括农业无人飞机、农业无人车、农机自驾仪、智能灌溉阀等在内的智能农业装备和智慧农业管理系统。

截至2026年3月,极飞科技在全球累计申请专利超过4400项,其中发明专利超1300项,产品及用户遍布全球70个国家和地区,在全球精准农业设备供应商中占据重要位置。

图说1:6月29日,极飞科技智能平台副总裁陈有生介绍农业无人车。 新华社记者 梁旭 摄

图说2:6月29日,参观者在极飞科技了解农业无人机。新华社记者 梁旭 摄