ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda မြို့တွင် ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက အလုပ်ချိန်တွင် အနားယူနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda မြို့တွင် ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးက အလုပ်ချိန်တွင် အနားယူနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှစ်ကြိမ်ကြောင့် သေဆုံးသူဦးရေ ၂,၂၉၅ ဦး၊ ဒဏ်ရာရရှိသူ ၁၁,၂၆၇ ဦးအထိ ရှိလာကြောင်း ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

Jorge Rodríguez က ငလျင်အလွန် ရှာဖွေကယ်ဆယ်ရေးနှင့် နေရာချထားရေးလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ လူပေါင်း ၆,၄၆၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံအစိုးရသည် စစ်တပ်၊ ရဲ၊ မီးသတ် စသည့်အဖွဲ့ဝင်များ ၂၆,၀၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ရန် တွဲဖက်ထားကြောင်း၊ အခြား စေတနာ့ဝန်ထမ်း ၁၇,၀၀၀ ဦးက ပံ့ပိုးရေးလုပ်ငန်းများကို အာမခံပေးကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်း ၄,၀၉၉ ဦး၊ ရှာဖွေကယ်ဆယ်ရေးခွေး ၁၅၃ ကောင်နှင့် ကူညီရေးယာဉ် ၄၉ စင်းသည် ငလျင်ဒဏ်သင့်ဒေသ၌ ရှာဖွေကယ်ဆယ်ရေးတွင် ကူညီဆောင်ရွက်ခြင်းနှင့် ငလျင်ဒဏ်သင့်ပြည်သူများအား ရွှေ့ပြောင်းပို့ဆောင်ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း Jorge Rodríguez က ပြောကြားခဲ့သည်။

Jorge Rodríguez က ဇွန် ၂၄ ရက်တွင် ဗင်နီဇွဲလားနိုင်ငံတွင် နောက်ဆက်တွဲငလျင် ၇၈၂ ကြိမ် မှတ်တမ်းရရှိကြောင်း၊ လက်ရှိတွင် နောက်ဆက်တွဲငလျင်လှုပ်ခတ်သည့်ကြိမ်နှုန်းနှင့် ငလျင်အဆင့်များမှာ ကျဆင်းလာကြောင်း၊ သို့သော် အတန်အသင့်အင်အားပြင်းသည့် နောက်ဆက်တွဲငလျင် လှုပ်ခတ်နိုင်သည့် အန္တရာယ်ရှိနေဆဲဖြစ်သဖြင့် ပြည်သူများက သတိထားရန်လိုအပ်သေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

委内瑞拉地震死亡人数升至2295人

新华社加拉加斯7月1日电(记者田睿 廖思维)委内瑞拉全国代表大会主席豪尔赫·罗德里格斯1日表示,该国日前发生的两次强震已造成2295人死亡、11267人受伤。  

豪尔赫·罗德里格斯说,灾后搜救和安置工作仍在进行,目前已有6461人获救。委政府已调动超2.6万名军警、消防等人员参与搜救工作,另有1.7万名志愿者保障后勤。与此同时,还有4099名国际救援人员、153只搜救犬和49辆支援车辆正在灾区协助搜救及转运受灾民众。  

豪尔赫·罗德里格斯表示,自6月24日地震发生以来,委内瑞拉已记录到782次余震,目前余震频率和震级均有所下降,但发生较强余震的风险仍然存在,民众仍需保持警惕。(完)

图说:6月28日,在委内瑞拉拉瓜伊拉州卡拉巴耶达,一名救援人员在工作间隙休息。新华社发