တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိပြည်သူ့ခန်းမဆောင်၌ CPC တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိပြည်သူ့ခန်းမဆောင်၌ CPC တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံ အများအပြား၏ နိုင်ငံရေးပါတီများ၊ ခေါင်းဆောင်များနှင့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များက တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အခါသမယ၌ နည်းလမ်းအသွယ်သွယ်ဖြင့် ဂုဏ်ပြုခဲ့ကြသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၁ ရက်၌ ပြောကြားခဲ့သည်။

CPC အနေဖြင့် ပြည်သူများကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်ကာ ဗဟိုပြုလျက်ရှိပုံ၊ နိုင်ငံပြန်လည်အားသစ်လောင်းရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ပုံ၊ ပါတီအား စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ပုံ၊ လူမှုစီးပွားတိုးတက်မှုတွင် ကြီးမားသော စွမ်းဆောင်မှုများ ဖော်ဆောင်ရာ၌ တရုတ်ပြည်သူများအား ဦးဆောင်ဦးရွက်ပြုပုံ၊ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အကျိုးဆောင်မှုများ လုပ်ဆောင်နေပုံတို့ကို ၎င်းတို့က ချီးကျူးပြောဆိုခဲ့ကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကောက ပြောကြားခဲ့သည်။

"CPC ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ ဆိုရှယ်လစ် တရုတ်နိုင်ငံဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်သူ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင်သူ၊ နိုင်ငံတကာစည်းစနစ်ကို ထိန်းသိမ်းသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားရပါတယ်" ဟု ကောက ဆိုသည်။

နှစ်ပေါင်း ၁၀၅ နှစ် ပြည့်မြောက်ခဲ့သည့် CPC သည် အကောင်းဆုံးအခြေအနေ၌ ရှိနေသည်ဟုလည်း ကောက ပြောသည်။ ခရီးသစ်၌ တည့်မတ်မှန်ကန်သော လမ်းကြောင်းအတိုင်း မယိမ်းမယိုင် ခိုင်မာစွာ လျှောက်လှမ်းနေသည့် တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုတို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံတန်ဖိုးများကို လက်ဆင့်ကမ်းထိန်းသိမ်းခြင်း၊ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ် ထူထောင်မှုကို မြှင့်တင်အားပေးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား လက်တွေ့ဖော်ဆောင်ခြင်း၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရာတွင် ကမ္ဘာ့နိုင်ငံအားလုံးနှင့် လက်တွဲညီညီ‌ ပူးပေါင်းဆောင်ရွက်ခြင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် ပိုမိုအလားအလာကောင်းမွန်သော အခွင့်အလမ်းများကို အတူတကွ ဖွင့်လှစ်ပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


ရှီကျင့်ဖိန်၊ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးနှင့် ဟန်ကျိန့်တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား တက်ရောက်နေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရှီကျင့်ဖိန်၊ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီးနှင့် ဟန်ကျိန့်တို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား တက်ရောက်နေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရှီကျင့်ဖိန်နှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် အခြားသော နိုင်ငံ့ခေါင်းဆောင်များက နိုင်ငံတစ်ဝန်းမှ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သည့် ပါတီဝင်များ၊ ပါတီဝန်ထမ်းများ၊ အခြေခံအဆင့် ပါတီအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအား ဆုချီးမြှင့်နေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရှီကျင့်ဖိန်နှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် အခြားသော နိုင်ငံ့ခေါင်းဆောင်များက နိုင်ငံတစ်ဝန်းမှ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သည့် ပါတီဝင်များ၊ ပါတီဝန်ထမ်းများ၊ အခြေခံအဆင့် ပါတီအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအား ဆုချီးမြှင့်နေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.....................................................................

(English Version)

CPC at 105 is right in its prime: spokesperson

BEIJING, July 1 (Xinhua) -- Political parties, leaders and people of various sectors from many countries have expressed congratulations in one way or another on the 105th anniversary of the founding of the Communist Party of China (CPC), Chinese foreign ministry spokesperson Guo Jiakun said on Wednesday.

Guo said at a regular news briefing that they spoke highly of how the CPC has always put the people front and center, taken solid effort to rejuvenate the nation, constantly improved itself, led the Chinese people in making great achievements in economic and social progress, and made important contribution to world peace and development.

"The socialist China under the leadership of the CPC is widely recognized as the defender of world peace, contributor to global development and upholder of international order," Guo said.

Guo stated that the CPC at 105 is right in its prime. On the new journey, China, taking firm steps towards the right direction, will continue to hold high the banner of peace, development, cooperation and win-win, carry forward the common values of humanity, promote the building of a new type of international relations, work to deliver on the four major global initiatives, join hands with all countries in building a community with a shared future for humanity, and jointly open up more promising prospects for humanity, he said.

English Caption 1

Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, addresses a gathering marking the CPC's 105th founding anniversary at the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Li Xiang)

English Caption 2

Xi Jinping, Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang, Li Xi, and Han Zheng attend a gathering in celebration of the 105th founding anniversary of the Communist Party of China (CPC) at the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Xie Huanchi)

English Caption 3

Xi Jinping and other leaders of the Communist Party of China (CPC) and the state present awards to representatives of outstanding Party members, Party workers, and primary-level Party organizations from across the country in Beijing, capital of China, July 1, 2026. (Xinhua/Huang Jingwen)