ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ဇွန် ၃၀ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ ဆက်သွယ်ရာတွင် ဝမ်ရိက ယခုနှစ် မေလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့သည် ပေကျင်းမြို့တွင် အပြုသဘောဆောင်သော မဟာဗျူဟာမြောက်တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်ရန် စသည့် အရေးကြီးသဘောတူညီချက်များကို ရရှိခဲ့ရာ အနာဂတ် သုံးနှစ် သာမက ထို့ထက် ပို၍ရှည်ကြာသောကာလ၏ တရုတ်-အမေရိကန် ဆက်ဆံရေးကို မဟာဗျူဟာ လမ်းညွှန်ချက်နှင့် တိုးတက်ရေးဦးတည်ချက်ကို အတိအလင်းချမှတ်ပေးခဲ့ကြောင်း၊ အပြုသဘောဆောင်သော မဟာဗျူဟာမြောက်တည်ငြိမ်မှုရှိသည့် ဆက်ဆံရေးကို တည်ဆောက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ဆန္ဒ၊ နိုင်ငံတကာအသိုက်အဝန်း၏မျှော်လင့်ချက် ဖြစ်သလို တရုတ်-အမေရိကန် အခြေခံအကျိုးစီးပွားနှင့်လည်း သက်ဆိုင်ကြောင်း၊ နှစ်ဖက်အနေဖြင့် အနှောင့်အယှက်များကို ဖယ်ရှားကာ အခက်အခဲများကို ကျော်လွှား၍ မှန်ကန်သောလမ်းကြောင်းအတိုင်း ခိုင်မာစွာ လျှောက်လှမ်းသွားသင့်ကြောင်း ပြောကြားခဲ့သည်။    

နှစ်ဖက်အနေဖြင့် တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိသော စိတ်ဓာတ်ကို အစဉ်တစိုက် လက်ကိုင်ထားကာ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်များကို အသေးစိတ်မူဝါဒနှင့် လက်တွေ့ကျသော အစီအမံများသို့ ပြောင်းလဲသင့်ကြောင်း ဝမ်ရိက ထောက်ပြ ပြောကြားခဲ့သည်။

အပြုသဘောဆောင်သော မဟာဗျူဟာမြောက်တည်ငြိမ်မှုရှိသည့် ဆက်ဆံရေးကို တည်ဆောက်ခြင်းမှာ ဆောင်ပုဒ်တစ်ခုသာ မဟုတ်ဘဲ လုပ်ဆောင်ချက်များ ဆောင်ရွက်ရန်၊ စိတ်တူကိုယ်တူ မဆုတ်မနစ် လျှောက်လှမ်းရန် လိုအပ်ကြောင်း၊ နှစ်ဖက်အနေဖြင့်  ပူးပေါင်းဆောင်ရွက်မှုစာရင်းကို တိုးချဲ့ကာ တက်ကြွသောအစီအစဉ်များကို ပိုမို ဖန်တီးရမည့်တစ်ချိန်တည်းတွင်ပင် ပြဿနာစာရင်းကို လျှော့ချကာ အန္တရာယ်အလားအလာအမျိုးမျိုးကို စီမံထိန်းချုပ်ရမည် ဖြစ်ကြောင်း၊ ထိုင်ဝမ်အရေးသည် စလိုက်ပါက အလုံးစုံဆက်နွှယ်ပါဝင်လာမည့် ကိစ္စဖြစ်ရာ ထိုင်ဝမ်နှင့်စပ်လျဉ်းသော ကိစ္စရပ်များကို အမေရိကန်နိုင်ငံအနေဖြင့် အထူးသတိကြီးစွာ ပြုမူဆက်ဆံရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏ ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုမှာ တက်ကြွ၍ အပြုသဘောဆောင်ကြောင်း နှစ်ဖက်စလုံးက တစ်ပြေးညီယူဆကြပြီး နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို အတူတကွဖော်ဆောင်ကာ အလျဉ်းသင့်သောနည်းလမ်းဖြင့် ဆွေးနွေးမှုများ ဆက်လက်ထားရှိရန် သဘောတူညီခဲ့ကြသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

王毅同美国国务卿鲁比奥通电话

新华社北京7月1日电 中共中央政治局委员、外交部长王毅6月30日同美国国务卿鲁比奥通电话。

王毅表示,今年5月,习近平主席同特朗普总统在北京达成构建中美建设性战略稳定关系等一系列重要共识,为未来3年乃至更长时间的中美关系作出战略指引、明确发展方向。构建建设性战略稳定关系是两国民心所向、国际社会所盼,也是中美根本利益之所系。双方应排除干扰,克服障碍,沿着这一正确方向坚定走下去。

王毅指出,双方应始终秉持平等、尊重、互惠的精神,将两国元首的重要共识转化为具体的政策和切实的举措。构建建设性战略稳定关系不是一句口号,需要付诸行动,相向而行,久久为功。为此,双方要拉长合作清单,打造更多积极议程,同时压缩问题清单,管控各种风险隐患。台湾问题牵一发动全身,希望美方务必慎之又慎对待涉台事务。

双方一致认为,两国外长此次通话是积极、建设性的,同意共同落实好两国元首达成的重要共识,继续以灵活方式保持沟通。(完)