အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (အလယ်) က အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၉ ရက်က တက်ရောက်စဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (အလယ်) က အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၉ ရက်က တက်ရောက်စဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် (USMCA) အား ရှိရင်းစွဲပုံစံဖြင့် ဆက်လက်ချုပ်ဆိုရန် အမေရိကန် သဘောမတူညီကြောင်း အ‌မေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer က ဇူလိုင် ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

အမေရိကန်သည် အဆိုပါသဘောတူညီချက်၏ လိုအပ်ချက်နှင့် ကုန်သွယ်ရေးလိုငွေပြမှု ပြဿနာနှင့်စပ်လျဉ်း၍ မက္ကဆီကို၊ ကနေဒါတို့နှင့် ချိတ်ဆက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အထက်ပါပြဿနာများ မဖြေရှင်းနိုင်မီ သို့မဟုတ် အဆိုပါသဘောတူညီချက် အဆုံးမသတ်မီ USMCA သဘောတူညီချက်သည် အသက်ဝင်နေဆဲဖြစ်ကြောင်း၊ အမေရိကန်သည် ယခင်က စီစဉ်ထားသော ဇူလိုင် ၂၀ ရက်၌ စတင်သည့် သီတင်းပတ်အတွင်း မက္ကဆီကိုနှင့် တတိယအကြိမ် နှစ်ဖက်ဆွေးနွေးညှိနှိုင်းပွဲကျင်းပပြီး အဆိုပါသဘောတူညီချက်၏ ပူးတွဲစိစစ်ရေးနှင့်စပ်လျဉ်းသော အရေးကိစ္စများအား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။

၂၀၂၀ ပြည့်နှစ်၌ အဆိုပါသဘောတူညီချက် တရားဝင်အသက်ဝင်ချိန်တွင် ထရမ့်က ထိုသဘောတူညီချက်ကို “တရားမျှတမှုအရှိဆုံး၊ ဟန်ချက်ညီမှုအရှိဆုံး၊ အကျိုးအရှိဆုံး ကုန်သွယ်ရေးသဘောတူညီချက်” ဟုခေါ်ဆိုခဲ့ကြောင်း၊ သို့သော် ယနေ့တွင် ထရမ့်သည် USMCA သဘောတူညီချက်အပေါ် စိတ်ဝင်စားမှု လျော့နည်းလာကြောင်း၊ အမေရိကန်ဘက်၏ ဆုံးဖြတ်ချက်သည် USMCA သဘောတူညီချက်က အနာဂတ် ၁၀ နှစ်တွင် နှစ်စဥ်ပြန်လည်စိစစ်များမှုလုပ်ဆောင်ရန် လိုအပ်မည်ဟု ဆိုလိုနေကြောင်း အမေရိကန်မီဒီယာများကလည်း ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။

USMCA သဘောတူညီချက်၏ သက်ဆိုင်ရာသတ်မှတ်ချက်အရ အဆိုပါသုံးနိုင်ငံသည် ယခုနှစ် ဇူလိုင်လတွင် USMCA သဘောတူညီချက်နှင့် စပ်လျဉ်း၍ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်ပူးတွဲစစ်ဆေးမှု လုပ်ဆောင်မည်ဖြစ်သည်။ စစ်ဆေးမှုလုပ်ဆောင်ပြီးနောက် သဘောတူညီချက်အား ၁၆ နှစ်သက်တမ်းတိုးခြင်း၊ သဘောတူညီချက်မှ နုတ်ထွက်ခြင်း နှင့် ယာယီအနေဖြင့် သက်တမ်းမတိုးသလို နုတ်ထွက်မှုလည်းမပြုခြင်း ဟူသော ရွေးချယ်ချက်သုံးခု ရှိလာမည်ဖြစ်သည်။

USMCA သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် တရားဝင် အသက်ဝင်ခဲ့ရာ ၂၀၃၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美国不同意以现有形式续签美墨加协定

新华社纽约7月1日电(记者刘亚南)美国贸易代表贾米森·格里尔1日发表声明说,美国不同意以现有形式续签“美国—墨西哥—加拿大协定”(美墨加协定)。  

声明说,美国将继续与墨西哥和加拿大就该协定的不足和贸易逆差问题进行沟通,在上述问题得到解决或该协定终止前,美墨加协定依然有效。美国将按此前计划于7月20日所在的那周与墨西哥举行第三轮双边谈判,讨论该协定联合审查相关事宜。  

据美国媒体同日报道称,2020年该协议正式生效时,特朗普称其为“最公平、最平衡、最有利的贸易协定”,但如今特朗普对美墨加协定的热情有所减退。美方的决定意味着美墨加协定今后10年每年需进行复审。  

根据美墨加协定相关条款,三国今年7月将就美墨加协定进行首次三方联合审查。审查后有三个选项:续签16年、退出协定,以及暂不续签也不退出。  

美墨加协定于2018年签署,2020年7月正式生效,2036年到期。(完)

图说:2020年 1月29日,在美国华盛顿白宫,美国总统特朗普(中)出席美墨加协定签署仪式。新华社记者 刘杰 摄