အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ရှိ အတ္တလန်တာအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က အင်္ဂလန်အသင်းနှင့် ကွန်ဂို (DRC) အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်တွင် အင်္ဂလန်အသင်း ကစားသမားများ (အလယ်) ဖရီးကစ်ကန်ချက်ကို ကာကွယ်နေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ရှိ အတ္တလန်တာအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က အင်္ဂလန်အသင်းနှင့် ကွန်ဂို (DRC) အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်တွင် အင်္ဂလန်အသင်း ကစားသမားများ (အလယ်) ဖရီးကစ်ကန်ချက်ကို ကာကွယ်နေစဉ် (ဆင်ဟွာ)

အတ္တလန်တာ၊ အမေရိကန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အတ္တလန်တာမြို့တွင် ဇူလိုင် ၁ ရက်က အင်္ဂလန်အသင်းနှင့် ကွန်ဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ၃၂ သင်းအဆင့် ပွဲစဉ်၌ အင်္ဂလန်က ဟယ်ရီကိန်း၏ ဒုတိယပိုင်း သွင်းဂိုးနှစ်ဂိုးနှင့်အတူ နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ကမ္ဘာ့အဆင့်-၄ ဖြစ်သည့် အင်္ဂလန်အသင်းက အုပ်စု-L အဖွင့်ပွဲစဉ်၌ ခရိုအေးရှားအသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဂါနာအသင်းကိုမူ  ဂိုးမရှိသရေကျခဲ့သည်။ အင်္ဂလန်အသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်၌ ပနားမားအသင်းကို အနိုင်ရရှိပြီးနောက် အုပ်စု-L တွင် အုပ်စုဗိုလ်အဖြစ် ၃၂ သင်းအဆင့်သို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ကွန်ဂိုအသင်းကမူ အုပ်စု-K တွင် ပေါ်တူဂီအသင်းနှင့် သရေကျခဲ့ပြီး ကိုလံဘီယာအသင်းကို ၀-၁ ဂိုးဖြင့် ပွတ်ကာသီကာရှုံးနိမ့်ကာ ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရရှိပြီးနောက် ၃၂ သင်းအဆင့်သို့ တက်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရရော ကစားသမား အရည်အသွေးအရပါ အင်္ဂလန်အသင်းနှင့် သိသိသာသာ ကွာဟနေသော်လည်း ကွန်ဂိုအသင်းက ပြိုင်ဘက်ကို ရှိန်မနေဘဲ ယုံကြည်မှုရှိရှိဖြင့် ပွဲကိုစတင်ခဲ့ပြီး ပွဲအစကတည်းကပင် တိုက်စစ်ဖွင့်ကစားခဲ့သည်။ ပွဲချိန် ၇ မိနစ်တွင် အင်္ဂလန်အသင်း၏ ညာခြမ်း၌ နေရာလွတ်ဖြစ်ပေါ်နေချိန် လူကပ်ခံရခြင်းမရှိသည့် တိုက်စစ်မှူး ဘရိုင်ယန် ဆီပန်ဂါက ဘောလုံးပေးပို့မှုကို အမိအရထိန်းကာ ကွန်ဂိုအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ပထမပိုင်း ပွဲပြီးခါနီးတွင် အင်္ဂလန်က ဂိုးသွင်းခွင့်များ ပိုမိုဖန်တီးနိုင်ခဲ့ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်နှင့် ဂျုဒ် ဘယ်လင်ဟမ်တို့နှစ်ဦးလုံး ချေပဂိုးရရှိရန် နီးစပ်ခဲ့သည်။ ကွန်ဂိုအသင်းကလည်း ခံစစ်ကို ပိုမိုအားပြုနေရသည့်တိုင် ယုံကြည်မှုရှိရှိဖြင့် တိုက်စစ်ဆင်ကစားနေဆဲဖြစ်ကာ တိုက်စစ်ပိုင်းတွင် အချိတ်အဆက်ကောင်းမွန်စွာ ကစားနိုင်ခဲ့သည်။ ပွဲချိန် ၄၁ မိနစ်တွင် ကွန်ဂို၏ နာမည်ကြီးတိုက်စစ်မှူး ယိုအန် ဝစ်ဆာက ဂိုးဧရိယာထဲသို့ ဆွဲဝင်လာပြီး အပြင်းကန်သွင်းခဲ့သော်လည်း ညာဘက်ဂိုးတိုင်နှင့်ထိခဲ့သည့်အတွက် အင်္ဂလန်အနေဖြင့် နောက်ထပ် စိုးရိမ်ဖွယ် အခိုက်အတန့်တစ်ခုကို ကျော်လွှားနိုင်ခဲ့သည်။

ထပ်ဆောင်းအချိန်ပိုတွင် အင်္ဂလန်အသင်းက တရစပ်ဖိအားပေး တိုက်စစ်ဆင်ခဲ့ရာ ဘယ်လင်ဟမ်နှင့် အသင်းခေါင်းဆောင်ကိန်းတို့က ဂိုးရရှိနိုင်မည့် အခွင့်အရေးကောင်းများကို ဖန်တီးနိုင်ခဲ့သည်။ သို့သော် ကွန်ဂိုဂိုးသမား လီယွန်နယ် အမ်ပါဆီက အရေးပါသည့် ဂိုးပေါက်ကာကွယ်မှုများ ဆက်တိုက်ပြုလုပ်နိုင်ခဲ့သဖြင့် ကွန်ဂိုက ပထမပိုင်းတွင် အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း အင်္ဂလန်က ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားကွက်ကို ဆက်လက်စိုးမိုးထားသော်လည်း အပိုင်အခွင့်အရေးများ ဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရသည်။

ထို့နောက် ကိန်းမှာ ၁၀ မိနစ်ကျော်အတွင်း နှစ်ဂိုးသွင်းယူကာ အသင်းအတွက် ဒရာမာဆန်ဆန် comeback နိုင်ပွဲတစ်ပွဲကို ရယူပေးခဲ့ပြီး အင်္ဂလန်အသင်း၏ သူရဲကောင်းဖြစ်လာခဲ့သည်။

ပွဲချိန် ၇၅ မိနစ်တွင် ကိန်းက ဂိုးဧရိယာထဲသို့ ဖြတ်တင်ပေးသည့် ဘောလုံးကို အနီးကပ်ခေါင်းတိုက်ကာ အင်္ဂလန်အတွက် ချေပဂိုးသွင်းယူခဲ့သည်။

၁၁ မိနစ်အကြာတွင်လည်း အဆိုပါ အင်္ဂလန်အသင်းခေါင်းဆောင်က တစ်ဦးချင်းစွမ်းရည်ဖြင့် ဂိုးဧရိယာအစပ်နားတွင် ၎င်းအား လူကပ်ထားသည့် ခံစစ်ကစားသမားကို လှည့်ထွက်ကာ အပြင်းကန်သွင်း၍ ပွဲအလှည့်အပြောင်းဖြစ်စေမည့် အနိုင်ဂိုးကို သွင်းယူခဲ့သည်။

အင်္ဂလန်အသင်းအနေဖြင့် ရှုံးထွက် ၁၆ သင်းအဆင့်၌ မက္ကဆီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)

.......................................................................

(English Version)

Kane strikes twice as England beats DR Congo 2-1 to reach World Cup last 16

ATLANTA, United States, July 1 (Xinhua) -- Harry Kane scored twice in the second half as England rallied from a goal down to beat DR Congo 2-1 and advance to the World Cup last 16 here on Wednesday.

Fourth-ranked England opened its Group L campaign with a 4-2 victory over Croatia before being held to a goalless draw by Ghana. The Three Lions sealed top spot in Group L and advanced to the round of 32 with a victory over Panama in its final group-stage match.

DR Congo, meanwhile, secured a place in the round of 32 from Group K after drawing with Portugal, narrowly losing 1-0 to Colombia and beating Uzbekistan.

Despite a significantly lower world ranking and squad value than England, DR Congo made a fearless start and took the game to its opponent from the opening whistle. In the seventh minute, space opened up on England's right flank, and striker Brian Cipenga latched onto a pass before slotting home unmarked to put DR Congo ahead.

England grew into the game in the closing stages of the first half, and both Marcus Rashford and Jude Bellingham came close to equalizing. Despite spending more time on the defensive, DR Congo continued to attack with confidence and linked up well going forward. In the 41st minute, star forward Yoane Wissa drove into the box and rattled the right post, with England surviving another anxious moment.

England piled on the pressure in stoppage time, with Bellingham and captain Kane both creating excellent scoring opportunities. But DR Congo goalkeeper Lionel Mpasi was once again came to his side's rescue, making a series of crucial saves to preserve DR Congo's lead.

England continued to dominate possession after halftime, but struggled to turn its pressure into clear-cut chances.

Kane then emerged as England's hero, scoring twice in little more than 10 minutes to lead his side to a dramatic comeback victory.

Kane drew England level in the 75th minute with a header from close range after meeting a cross into the box.

Eleven minutes later, the England captain produced a moment of individual quality, shaking off his marker on the edge of the box before firing a powerful shot into the net to complete the turnaround.

England's reward is a round of 16 clash against Mexico.

English Caption 1

Players of England (C) defend a free kick during the round of 32 match between England and the Democratic Republic of the Congo (DRC) at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 1, 2026. (Xinhua/Zhang Chen)

English Caption 2

Harry Kane (front) of England celebrates a goal during the round of 32 match between England and the Democratic Republic of the Congo (DRC) at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 1, 2026. (Xinhua/Zhang Chen)

English Caption 3

Lionel Mpasi (front), goalkeeper of the Democratic Republic of the Congo (DRC) fails to save a goal during the round of 32 match between England and the Democratic Republic of the Congo (DRC) at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 1, 2026. (Xinhua/Zhang Chen)