တရုတ်နိုင်ငံ ပေကျင်းဆန်းလျင်စာအုပ်တိုက်မှ ၁၉၇၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော “အနောက်ဘက်ခရီးသွား မှတ်တမ်း”  စာအုပ် (ဝဲ) နှင့် ပြည်သူ့စာပေပုံနှိပ်တိုက်မှ ၂၀၁၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော “Red Star Over China” စာအုပ်အား တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းဆန်းလျင်စာအုပ်တိုက်မှ ၁၉၇၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော “အနောက်ဘက်ခရီးသွား မှတ်တမ်း” စာအုပ် (ဝဲ) နှင့် ပြည်သူ့စာပေပုံနှိပ်တိုက်မှ ၂၀၁၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော “Red Star Over China” စာအုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

နွေရာသီအခါသမယတွင် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် မြောက်ပိုင်း ယန်အန်းမြို့ ကျစ်သန်းခရိုင်ရှိ ပေါင်အန်းတော်လှန်ရေး သမိုင်းဝင်အမွေအနှစ်နေရာတွင် လာရောက်ကြည့်ရှုသူများဖြင့် စဉ်ဆက်မပြတ် စည်ကားလျက်ရှိသည်။ မော်စီတုန်း နေထိုင်ခဲ့ဖူးသော လိုဏ်ဂူပမာနေအိမ်လေးအတွင်းရှိ ကိုယ်တစ်ပိုင်းဓာတ်ပုံက အမြင်အာရုံကို ဆွဲဆောင်ထားသည်။ ဓာတ်ပုံတွင် ဦးထုပ်ဆောင်းထားသောသူတစ်ဦးက ဘယ်ဘက်သို့စောင်းကာ တင့်တယ်သောဟန်ပန်ဖြင့် ရင်ကော့ခေါင်းမော့ထားသည်။

ကီလိုမီတာ ၃၀၀ ကျော် ကွာဝေးသည့် နင်းရှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထုန်ရှင်းခရိုင်ရှိ တပ်နီတော် အနောက်ဘက်စစ်ဆင်ရေးခရီး အထိမ်းအမှတ်ပြတိုက်ရှေ့တွင် ဂန္ထဝင်ဓာတ်ပုံဖြစ်သည့် “ခုခံတော်လှန်ရေး၏စစ်ချီသံ”  ရုပ်ပုံကို ပုံတူပြုထားသည့် တပ်နီတော်ရုပ်တုကြီး မားမားမားမတ်မတ် တည်ရှိနေသည်။ ၎င်းရုပ်တု၏ လက်ထဲရှိ စစ်တံပိုးသည်  အချိန်ကာလများကို ကျော်ဖြတ်ကာ မှုတ်သံထွက်လာ၍ စစ်မက်မီးလျှံများ လွှမ်းခြုံထားသည့် အမျိုးသားရေးအန္တရာယ်ကာလကို ပြန်ရောက်သွားသည့်ပမာ လူအများကို ခံစားရစေသည်။  

အဆိုပါ ဓာတ်ပုံနှစ်ပုံစလုံးမှာ အမေရိကန်သတင်းထောက် Edgar Snow ၏ လက်ရာဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် Snow သည် ပိတ်ဆို့မှုအထပ်ထပ်ကို ထိုးဖောက်ကာ ဆန်ရှီးပြည်နယ် မြောက်ပိုင်း တော်လှန်ရေးအခြေစိုက်စခန်းသို့ သွားရောက်၍ တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။ ၎င်းသည် မြေပြင်လေ့လာမှုနှင့်အတူ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်များဖြင့်  “Red Star Over China” (အနီရောင်ကြယ်ပွင့်က တရုတ်နိုင်ငံတစ်ခွင်ကို ထွန်းလင်းတောက်ပစေ) ဟူသော စာအုပ်ကို ရေးသားပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် တပ်နီတော်၏ အသွင်အပြင်ကို ပထမဆုံးအကြိမ်အဖြစ် ဓမ္မဓိဋ္ဌာန်ကျစွာ ကမ္ဘာထံသို့ သရုပ်မှန်ဖော်ပြခဲ့ရာ ယင်းစာအုပ်ထုတ်ဝေလိုက်သည်နှင့်တစ်ပြိုင်နက်တည်း တစ်ကမ္ဘာလုံးတွင် ရေပန်းစားလူကြိုက်များခဲ့သည်။

“တရုတ်ပြည်သူတွေက Edgar Snow ကို အစဉ်အမြဲ အမှတ်ရနေဆဲပါ။ သူက အစောဆုံး ကမ္ဘာကို တရုတ်တပ်နီတော်အကြောင်း မိတ်ဆက်ပေးခဲ့တယ်”  ဟု ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် သမ္မတ ရှီကျင့်ဖိန် အမေရိကန်နိုင်ငံသို့ သွား၍ တရုတ်-အမေရိကန် နိုင်ငံအကြီးအကဲများ ဆန်ဖရန်စစ္စကို တွေ့ဆုံဆွေးနွေးပွဲတက်ရောက်စဉ် Edgar Snow ၏ မျိုးဆက်သစ်အား လက်ခံတွေ့ဆုံစဉ်၌ ထိုသို့ ပြောကြားခဲ့ဖူးသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

http://xhtxs.cn/bdkY  

Edgar Snow (ယာ၊ ပထမ) အား တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ်မြောက်ပိုင်း တော်လှန်ရေးအခြေစိုက်စခန်း၌ ၁၉၃၆ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)
Edgar Snow (ယာ၊ ပထမ) အား တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ်မြောက်ပိုင်း တော်လှန်ရေးအခြေစိုက်စခန်း၌ ၁၉၃၆ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ယန်အန်းမြို့ရှိ ယန်အန်း တော်လှန်ရေး အထိမ်းအမှတ်ပြတိုက်အား တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ် ယန်အန်းမြို့ရှိ ယန်အန်း တော်လှန်ရေး အထိမ်းအမှတ်ပြတိုက်အား တွေ့ရစဉ် (ဆင်ဟွာ)


--------------------------------------------------------------------------------------

(Chinese Version)

《红星照耀中国》的世界回响

文/本报记者 陈钢 杨一苗 张思洁

盛夏时节,陕北延安市志丹县的保安革命旧址内,参观者络绎不绝。在毛泽东曾经居住过的窑洞内,一张半身照令人瞩目。照片中,他头戴八角帽,头微微侧向左边,神态儒雅。

300多公里外,宁夏同心县的红军西征纪念馆前,以经典照片《抗战之声》为原型的红军雕塑屹立,手中的军号仿佛发出穿越时空的鸣响,让人们重回硝烟与战火弥漫的民族危亡时刻。

这两张照片都出自美国记者埃德加·斯诺之手。1936年,斯诺突破重重封锁,来到陕北苏区采访。立足于实地观察与亲身见闻,他写下《红星照耀中国》一书,首次向世界客观、真实地展示中国共产党和红军的面貌,一经出版便风靡全球。

“中国人民一直记着斯诺,是他最早向世界介绍了中国红军。”2023年11月,习近平主席赴美国出席中美元首旧金山会晤,在接见斯诺的后人时,他这样说。http://xhtxs.cn/bdkY

1.      1979年北京三联书店出版的《西行漫记》(左)与2016年人民文学出版社出版的《红星照耀中国》(新华社发)

2.       1936年,斯诺(右一)在陕北革命根据地。(新华社发)

3.      延安革命纪念馆(陈朔 摄)