အပေါ်ပုံမှာ ကျားချော့ (ယာဘက်) နှင့် သူငယ်ချင်းဖြစ်သူက အိမ်အနီးရှိ ချင်းဟိုင်-ရှီးဇန့်ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ဆော့ကစားနေသည်ကို ၂၀၀၅ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ်၊ အောက်ပုံမှာ ကျားချော့ (ယာဘက် ပထမ) နှင့် သမီးများက အိမ်တံခါးဝရှိ ချင်းဟိုင်-ရှီးဇန့်ရထားလမ်းနံဘေးတွင် ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်က အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)
အပေါ်ပုံမှာ ကျားချော့ (ယာဘက်) နှင့် သူငယ်ချင်းဖြစ်သူက အိမ်အနီးရှိ ချင်းဟိုင်-ရှီးဇန့်ရထားလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ဆော့ကစားနေသည်ကို ၂၀၀၅ ခုနှစ် မတ် ၃၀ ရက်က တွေ့ရစဉ်၊ အောက်ပုံမှာ ကျားချော့ (ယာဘက် ပထမ) နှင့် သမီးများက အိမ်တံခါးဝရှိ ချင်းဟိုင်-ရှီးဇန့်ရထားလမ်းနံဘေးတွင် ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်က အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

လားဆ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

၂၀၀၅ ခုနှစ် မတ် ၃၀ ရက်တွင် ချင်းဟိုင်-ရှီးဇန့် ရထားလမ်း တည်ဆောက်မှုလုပ်ငန်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခဲ့ရာ ဆင်ဟွာသတင်းဌာန သတင်းထောက် ကြွယ်ကော်သည် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ သန်းရှုန်ခရိုင် ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ထိမိလှပသော အခိုက်အတန့်ကို အမိအရ ဖမ်းယူဓာတ်ပုံရိုက်ကူးနိုင်ခဲ့သည်။ မိန်းကလေးနှစ်ဦးက ရထားလမ်း သံဘောင်နံဘေးတွင် ထိုင်နေပြီး မျက်နှာတွင်လည်း အပြုံးများအပြည့်နှင့်ပင်။ ဖော်ပြပါဓာတ်ပုံပါ ယာဘက်မှ မိန်းကလေးက ကျားချော့ ဖြစ်ပြီး ၎င်းသည် ဆီးနှင်းထူထပ်သည့်ကုန်းပြင်မြင့်ဒေသတွင် ချင်းဟိုင်-ရှီးဇန့် ရထားလမ်း ပေါ်ထွက်လာသည့် အချိန်ကာလကို သက်သေထူခဲ့သည်။

၂၀၂၆ ခုနှစ် နွေရာသီအချိန် သန်းရှုန်ခရိုင် မြက်ခင်းပြင်တွင် စိမ်းလန်းစိုပြည်နေပြီး ရှင်သန်စွမ်းအားများဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိသည်။ ကျားချော့ကို သတင်းထောက် ထပ်မံရှာတွေ့ချိန်တွင် ၎င်းသည် သမီးသုံးဦးနှင့်အတူ ရထားလမ်းနံဘေး မြက်ခင်းပြင်၌ ပျော်ရွှင်စွာ ဆော့ကစားလျက်ရှိသည်။

“အဲဒီတုန်းက နေ့တိုင်း ရထားဖြတ်လာဖို့ မျှော်နေတာ။ အခု မျက်စိတစ်မှိတ်အတွင်းပဲ ၂၁ နှစ်တောင် ကြာသွားပြီ” ဟု ၎င်းက ရယ်မောလျက်ပြောကြားခဲ့သည်။

ယနေ့တွင် ချင်းဟိုင်-ရှီးဇန့် ရထားလမ်း စတင်အသုံးပြုပြေးဆွဲသည်မှာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်ပြီး ၎င်းတို့မိသားစု၏ ဘဝသည်လည်း အရှိန်မြင့်ဖြတ်သန်းသွားသော ရထားတွဲများနှင့်အတူ ပိုမိုပြည့်စုံကြွယ်ဝလာခဲ့သည်။

လွန်ခဲ့သည့်နှစ် ၂၀ က အိမ်တွင် အသုံးပြုရန် ဆိုင်ကယ်တစ်စီးသာ ရှိခဲ့ပြီး ဝင်ငွေအဖြစ်လည်း ရွှေ့ပြောင်းမွေးမြူရေးလုပ်ငန်းကိုသာ မှီခိုခဲ့ရသည်။ ယနေ့အခါ မွေးမြူရေးလုပ်ငန်းတွင် ဝင်ငွေတိုးလာခြင်း၊ ကုန်စည်ပို့ဆောင်မှုဖြင့် ဝင်ငွေလမ်းကြောင်းတိုးလာခြင်းတို့ကြောင့် ၎င်းတို့အိမ်က ကုန်တင်ကား သုံးစီး၊ ပစ္စည်းတင်ယာဉ်တစ်စီး၊ အိမ်သုံးကားနှစ်စီးနှင့် ဆိုင်ကယ်နှစ်စီး ဝယ်ယူထားပြီး စာမရီနွား အကောင် ၅၀ ကျော်ကို မွေးမြူထားသဖြင့် မိသားစုစီးပွားရေးအခြေအနေ တည်ငြိမ်အေးချမ်းလာပြီဖြစ်သည်။

နှစ်ပေါင်း ၂၀ အတွင်း ရှီးဇန့်ဒေသသည် ခုန်ပျံကျော်လွှားမှုအသွင်ဖြင့် တိုးတက်လာခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် မြို့ပြနေပြည်သူများ၏ တစ်ဦးချင်းအသုံးပြုနိုင်သောဝင်ငွေသည် ၁၁,၁၃၁ ယွမ်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၅၈,၇၉၄ ယွမ်အထိ တိုးပွားလာရာ ချင်းဟိုင်-ရှီးဇန့် ရထားလမ်းသည် အဆိုပါကြီးမားသော ပြောင်းလဲမှုအတွက် အဓိကကျားကန်ပေးနေမှုပင်ဖြစ်သည်။ ၂၀၂၆ ခုနှစ် ဧပြီလအထိ ရှီးဇန့်ဒေသအား ကုန်စည်အဝင်အထွက်ပို့ဆောင်မှု စုစုပေါင်းပမာဏသည် တန်ချိန် သန်း ၁၀၀ ကျော်လာခဲ့သည်။

အဆိုပါ အသက်သွေးကြောသဖွယ် ရထားလမ်းကြီးကြောင့် ကုန်းပြင်မြင့်ဒေသနေပြည်သူများ၏ လူနေမှုဘဝသည် အဆက်မပြတ်တိုးတက်ကောင်းမွန်လာခဲ့သည်။

“လိုချင်တဲ့အဝတ်အစား၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို အလွယ်တကူ ဝယ်လို့ရတော့ စားဝတ်နေရေးဖူလုံမှု အမှန်တကယ်ဖြစ်လာပါပြီ” ဟု ကျားချော့က သမီးဖြစ်သူကို ပွေ့ဖက်လျက် ပြောကြားခဲ့သည်။ ကလေးများ၏ အဝတ်အစား၊ ဖိနပ်များမှာ သန့်ရှင်းသပ်ရပ်လှပပြီး ခေတ်မီလာရာ လွန်ခဲ့သည့် ၂၁ နှစ်က ကျားချော့၏ အညစ်အကြေးများ ပေရေနေပြီး အင်္ကျီလက်ထိပ်ပွန်းပဲ့နေပုံနှင့် သိသိသာသာ ကွာခြားနေသည်။

“အခု ကျွန်မမှာ ဆန္ဒနှစ်ခုရှိပါတယ်။ ပထမတစ်ခုက ကလေးသုံးယောက်လုံး ကောင်းကောင်းပညာသင်နိုင်ပြီး ကြီးပြင်းလာဖို့ပါ။ ဒုတိယတစ်ခုက အနာဂတ်မှာ အချိန်ရရင် ကလေးတွေနဲ့အတူ ရထားစီးပြီး ရောက်ဖူးချင်တာ ကြာပြီဖြစ်တဲ့ ပေကျင်းမြို့ကို သွားချင်ပါတယ်” ဟု ကျားချော့က ဆိုသည်။

အိမ်တံခါးဝတွင် ပုံမှန်ဖြတ်သန်းသွားသော ရထားတွဲသည် နှစ် ၂၀ ကြာ ဘဝတိုးတက်ကောင်းမွန်လာမှုကို သက်သေထူနေသလို ၎င်းတို့၏ ခရီးဝေးစတင်မှုကိုလည်း တိတ်တဆိတ် စောင့်ဆိုင်းလျက်ရှိပေသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

回访“天路”旁的 TA:扎措的灿烂笑容

新华社照片,拉萨,2026年7月1日

2005年3月30日,青藏铁路建设如火如荼,新华社摄影记者觉果在当雄县铁路建设工地定格动人瞬间:两名女孩坐在铁轨旁,脸上满是明媚笑容,画面右侧的少女便是扎措,她见证了雪域高原天路破土生长的岁月。

2026年夏季的当雄草甸绿草铺展、生机盎然。记者再次找到扎措时,她正带着三个女儿在铁路边的草场上自在嬉戏。

她笑着说:“那时候天天盼着火车来,没想到一晃就过了二十一年。”

如今,青藏铁路通车二十载,她家的日子也伴着飞驰列车越过越富足。二十年前家中仅有一辆摩托车代步,收入仅靠放牧维持;如今依托牧业增收、货物运输拓宽财路,家里添置三辆货车、一台装载机、两辆私家车与两辆摩托车,饲养牦牛五十余头,家底殷实安稳。

二十年间,西藏发展实现跨越式跃升,2007年城镇居民人均可支配收入11131元,2025年增至58794元,青藏铁路正是推动巨变的关键支撑。截至2026年4月,进出藏货运总量突破1亿吨。

这条大动脉持续改善高原群众生活,“想要的衣物、各类生活用品都能轻松买到,真正实现了衣食无忧。”扎措搂着女儿说。孩子们身上的衣服、鞋子干净漂亮且时髦,与21年前扎措沾着油渍且袖口磨损的衣服形成了鲜明的对比。

扎措说:“现在我有两个心愿。第一个心愿是三个孩子能好好学习,茁壮成长;第二个便是将来有时间要带着孩子们坐上火车,去向往已久的北京去看一看。”

家门口常年驶过的列车,见证二十年生活向好,也静待着她们开启奔赴远方的旅程。

图说1:拼版照片:上图为2005年3月30日,扎措(右)和朋友在家附近的青藏铁路建设工地玩耍(新华社记者觉果摄);下图为2026年6月21日,扎措(右一)和女儿在家门口的青藏铁路边合影(新华社记者姜帆摄)。 新华社发

图说2:6月21日,扎措(右一)和女儿在家门口的青藏铁路边合影新华社记者 丁增尼达