ဂျာမနီနိုင်ငံ စတုဂတ်မြို့ အနီးတစ်ဝိုက်ရှိ Midea အမှတ်တံဆိပ် ဂျာမနီနိုင်ငံ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ PortaSplit အမျိုးအစား လေအေးပေးစက်ကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ စတုဂတ်မြို့ အနီးတစ်ဝိုက်ရှိ Midea အမှတ်တံဆိပ် ဂျာမနီနိုင်ငံ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ PortaSplit အမျိုးအစား လေအေးပေးစက်ကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စတုဂတ် (ဂျာမနီ)၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

လတ်တလောရက်ပိုင်း ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ စသည့် ဥရောပနိုင်ငံများ၌ အပူလှိုင်းဒဏ်ခံနေရရာ “လေအေးပေးစက်လုခြင်း” သည် ဒေသတွင်း၌ အသုံးများသည့်စကားလုံး ဖြစ်လာခဲ့သည်။ အပူချိန်မြင့်မားသော ရာသီဥတု မကြာခဏဖြစ်ပေါ်လာခြင်းကြောင့် ဈေးကွက်က လေအေးပေးစက် စသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအပေါ် လိုအပ်ချက် ရုတ်တရက်မြင့်မားလာရာ တရုတ်အိမ်သုံးလျှပ်စစ်ပစ္စည်းများသည် ဒေသတွင်း၌ လူကြိုက်များလာခဲ့သည်။

JD အုပ်စု လက်အောက်ရှိ ဥရောပအွန်လိုင်းလက်လီဈေးရောင်းမှုပလက်ဖောင်း Joybuy ၏ အချက်အလက်များအရ ဇွန် ၁၉ ရက်မှ ဇွန် ၂၅ ရက် အပူချိန်အလွန်မြင့်မားသောကာလအတွင်း အဆိုပါပလက်ဖောင်းတွင် လေအေးပေးစက်ထုတ်ကုန် ရောင်းအားပမာဏသည် ဇွန်လ ပထမအပတ်ထက် အဆ ၄၀ နီးပါး မြင့်တက်လာခဲ့ပြီး ၎င်းအနက် Midea အမှတ်တံဆိပ် PortaSplit အမျိုးအစား လေအေးပေးစက်၏ ရောင်းအားသည် ၄၂ ဆ နီးပါး မြင့်တက်လာကြောင်း သိရသည်။

Midea အမှတ်တံဆိပ် PortaSplit အမျိုးအစား လေအေးပေးစက်သည် ၂၀၂၅ ခုနှစ်တွင် ဥရောပဈေးကွက်အတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့သည်။ ရှုပ်ထွေးသော တပ်ဆင်မှုအဆင့်များ မလိုအပ်ခြင်း၊ လေအေးပေးစက်၏ ပါဝါအားနှင့် ဆူညံသံသည် စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်းတို့ကြောင့် ဥရောပဈေးကွက်၌ လျင်မြန်စွာ အရောင်းသွက်လာခဲ့သည်။

ဂျာမနီနိုင်ငံ စတုဂတ်မြို့ အနီးတစ်ဝိုက်ရှိ Midea အမှတ်တံဆိပ် ဂျာမနီနိုင်ငံ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် သုတေသနပြုလုပ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ထုတ်ကုန်ကို ဒေသတွင်းလိုအပ်ချက်များနှင့် အတတ်နိုင်ဆုံး ကိုက်ညီစေရန် ကြိုးပမ်းလျက်ရှိသည်။

“ဖရိန်ကနေ လေအေးပေးစက်ရဲ့ ကိုယ်ထည်အထိ ထုတ်ကုန်ရဲ့ဒီဇိုင်းကို အတတ်နိုင်ဆုံး အပေါက်ဖောက်ဖို့နဲ့ ရှုပ်ထွေးတဲ့အဆင့်တွေမလိုအောင် လုပ်ဆောင်ထားပါတယ်။ တပ်ဆင်မှုကျွမ်းကျင်တဲ့ဝန်ထမ်း မလိုသလို အိမ်ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့လည်း မလိုပါဘူး” ဟု Midea အမှတ်တံဆိပ် အိမ်သုံးလေအေးပေးစက် နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ တာဝန်ခံ Tobias Strobel က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

走进美的德国研发中心

新华社照片,斯图加特(德国),2026年7月2日

近日,高温席卷德国、法国、比利时等欧洲国家,“抢空调”成为当地高频词。随着高温天气越发频繁,市场对空调等家电需求骤增,中国家电品牌在当地大受欢迎。

京东旗下欧洲线上零售平台Joybuy提供的数据显示,6月19日至25日高温期间,该平台空调产品销量较6月首周增长近40倍,其中美的PortaSplit分体空调销量增长近42倍。

美的PortaSplit空调于2025年正式在欧洲上市,因无需复杂安装、功率及噪音符合标准,在欧洲市场迅速热销。

在斯图加特附近的美的德国研发中心,研发团队正致力于让产品更大程度地满足本地化需求。

“从支架到空调机身,产品设计尽可能避免打孔和复杂施工。不需要专业安装人员,也无需对房屋结构进行改动。”美的家用空调技术创新负责人托比亚斯·施特罗贝尔说。

图说1:这是6月30日在德国斯图加特附近的美的德国研发中心拍摄的分体空调PortaSplit。新华社记者 张豪夫 摄

图说2:这是6月30日在德国斯图加特附近的美的德国研发中心外拍摄的美的标志新华社记者 张豪夫 摄

图说3:6月30日,在德国斯图加特附近,工程师在美的德国研发中心工作。 新华社记者 张豪夫 摄