
အန်ကာရာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
“ရှီကျင့်ဖိန်၏နိုင်ငံရေးရာစီမံခန့်ခွဲမှု” ပဉ္စမတွဲ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေထားသော စာအုပ်များ မိတ်ဆက်ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက်က ကျင်းပခဲ့ပြီး အစိုးရတာဝန်ရှိသူများ၊ ပညာရှင်များနှင့် တရုတ်နိုင်ငံနှင့် တူကီယဲနိုင်ငံမှ ထုတ်ဝေသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယခုထုတ်ဝေလိုက်သော အတွဲသစ်သည် ခေတ်သစ် တရုတ်ဝိသေသလက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်ဆိုင်ရာ ရှီကျင့်ဖိန်၏ အတွေးအမြင် နောက်ဆုံးအောင်မြင်မှုများကို ဘက်စုံ စနစ်တကျ ဖော်ပြထားသည့် ယုံကြည်အားထားဖွယ်လက်ရာတစ်ခုဖြစ်ကြောင်း စာအုပ်မိတ်ဆက်ပွဲ တက်ရောက်လာသူများက ပြောခဲ့သည်။ ခရီးသစ်တွင် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းမှု၏ သီအိုရီပိုင်းနှင့် လက်တွေ့ကျင့်သုံးမှုပိုင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသလို လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အဆင့်မြင့်တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်နှင့် အဆိုပြုချက်များကို နက်နက်နဲနဲဖော်ပြထားခြင်းလည်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသည် တရုတ်နိုင်ငံနှင့် တူကီယဲနိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၅၅ နှစ်မြောက် အခါသမယနှင့်လည်း တစ်ထပ်တည်းကျသည့်အားလျော်စွာ ၎င်းတို့အနေဖြင့် ခေတ်မီအသွင်ပြောင်းမှု ဆိုလိုရင်းအတိုင်း အစိုးရစီမံခန့်ခွဲမှုအတွေ့အကြုံဖလှယ်ကာ နက်ရှိုင်းသော နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု အထောက်အကူပြုရေး၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများနှင့် ချိန်ညှိရေး၊ နှစ်ဖက်အနေဖြင့် ခေတ်မီအသွင်ပြောင်းမှုလမ်းကြောင်းပေါ် အတူတကွတိုးမြှင့်တက်လှမ်းမှု သေချာရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တူကီယဲနိုင်ငံ ဥပဒေပြုလွှတ်တော်ဖြစ်သည့် Grand National Assembly ဒုတိယဥက္ကဋ္ဌ Celal Adan က “ရှီကျင့်ဖိန်၏နိုင်ငံရေးရာစီမံခန့်ခွဲမှု” ပဉ္စမတွဲက ကမ္ဘာ့ရေးရာများတွင် တရုတ်နိုင်ငံ၏ မူဝါဒလားရာနှင့် ဗျူဟာမြောက် တွေးခေါ်မှုကို နားလည်သဘောပေါက်ရန် တန်ဖိုးမဖြတ်နိုင်သော ကိုးကားရာအဖြစ် ပံ့ပိုးပေးလျက်ရှိကြောင်း ယင်းအခမ်းအနား၌ ပြောခဲ့သည်။
တူကီယဲနိုင်ငံသည် ယခုအခမ်းအနားကို အခွင့်အလမ်းအဖြစ်မှတ်ယူကာ နှစ်နိုင်ငံအကြား ဥပဒေပြုလွှတ်တော်များနှင့် နယ်ပယ်စုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအကြား တစ်ဆင့်တိုး နက်ရှိုင်းစွာ ဖလှယ်ရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် အလယ်ပိုင်းစင်္ကြံအကြား ပေါင်းစည်းမှု မြှင့်တင်ရန်၊ ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုချင်း ကူးလူးဆက်ဆံမှုများ၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု စသည့်ကဏ္ဍများ၌ တိုးတက်မှုအသစ် ရရှိရန် ဆောင်ရွက်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260702/b5b0d2e8c1dc4ac4a36f761a8e0e9de0/c.html


……………………………………..
(English Version)
Promotional event for 5th volume of "Xi Jinping: The Governance of China" held in Türkiye
ANKARA, July 1 (Xinhua) -- A promotional event for the fifth volume of "Xi Jinping: The Governance of China" was held on Wednesday, bringing together government officials, scholars and publishers from China and Türkiye.
Participants said the new volume is an authoritative work that comprehensively and systematically presents the latest achievements of Xi Jinping Thought on Socialism with Chinese Characteristics for a New Era. It vividly showcases the theory and practice of Chinese modernization on the new journey, and offers a profound exposition of China's vision and proposals for advancing the building of a community with a shared future for humanity.
As the event coincided with the 55th anniversary of diplomatic relations between China and Türkiye, they said exchanges on state governance experience, with modernization as the theme, would help deepen political mutual trust, promote the alignment of development strategies between the two countries, and enable both sides to advance together on the path to modernization.
Addressing the event, Celal Adan, deputy speaker of the Grand National Assembly of Türkiye, said the fifth volume of "Xi Jinping: The Governance of China" provides a valuable reference for understanding China's policy direction and strategic thinking on global issues.
He said Türkiye is willing to take this event as an opportunity to further deepen exchanges between the two countries' legislatures and practical cooperation in various fields, enhance synergy between the Belt and Road Initiative and the Middle Corridor, and achieve new progress in economic and trade, investment, people-to-people and cultural exchanges, and tourism cooperation.
https://english.news.cn/20260702/b5b0d2e8c1dc4ac4a36f761a8e0e9de0/c.html
Photo 1: Copies of the English edition of the fifth volume of "Xi Jinping: The Governance of China" are presented to Türkiye guests at a promotional event in Ankara, Türkiye, July 1, 2026. (Xinhua/Liu Lei)








