
ကရာကက်စ်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ အင်အားပြင်းငလျင်များကြောင့် သေဆုံးသူဦးရေသည် ၂,၅၉၅ ဦးအထိ မြင့်တက်လာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူဦးရေမှာ ၁၂,၀၀၀ ကျော်ရှိလာကြောင်း ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ Delcy Rodriguez က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဇွန် ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အဆောက်အဦ ၁၈၉ လုံး လုံးဝပျက်စီးသွားကြောင်း၊ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ မပြီးဆုံးသေးကြောင်း၊ ကယ်ဆယ်ရေးဝန်ထမ်းများက လူ ၆,၄၆၂ ဦး အောင်မြင်စွာ ကယ်တင်နိုင်ပြီးဖြစ်ကြောင်း Delcy Rodriguez သည် ထိုနေ့ညပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကက်စ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံအများအပြားက ဗင်နီဇွဲလားနိုင်ငံထံသို့ ပစ္စည်းနှင့် ကူညီကယ်ဆယ်မှုများ ပေးအပ်ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း Delcy Rodriguez က ပြောကြားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဗင်နီဇွဲလားနိုင်ငံထံသို့ အကူအညီများ ဆက်လက်ပေးအပ်သွားရန် တိုက်တွန်းခဲ့သည်။ ဗင်နီဇွဲလားသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ပူးပေါင်း၍ ကန်ဒေါ်လာ သန်း ၂၀၀ ရှိသည့် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေ ထူထောင်ကာ ငလျင်အလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဇွန် ၂၄ ရက်တွင် ဗင်နီဇွဲလားနိုင်ငံက တစ်မိနစ်ပင်မပြည့်သည့်အချိန်အတွင်း ပြင်းအား ၇ အဆင့်အထက်ရှိသော အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ အလယ်ပိုင်း ကမ်းရိုးတန်းဒေသသည် ပြင်းပြင်းထန်ထန် ငလျင်ဒဏ်သင့်သောဒေသများဖြစ်ခဲ့သည်။ “ပျက်စီးမှုပြင်းထန်ခဲ့သော ငလျင်” ကြောင့် လူထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့သဖြင့် ဇူလိုင် ၁ ရက် ညနေ ၆ နာရီမှစ၍ နိုင်ငံတစ်ဝန်း ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ ၇ ရက် စတင်ကြောင်း ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ Delcy Rodriguez က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
委内瑞拉强震遇难人数升至2595人
新华社加拉加斯7月2日电(记者田睿 朱雨博)委内瑞拉代总统罗德里格斯2日说,委内瑞拉强震遇难人数已升至2595人、受伤人数超1.2万人。
罗德里格斯当晚在首都加拉加斯举行的新闻发布会上说,6月24日发生的强震导致189栋建筑完全损毁,目前搜救工作尚未结束,救援人员已成功救出6462人。
罗德里格斯对多国向委提供物资和救援支持表示感谢,并呼吁国际社会继续向委内瑞拉伸出援手。她说,委内瑞拉将与国际货币基金组织合作设立2亿美元的重建基金,用于灾后重建工作。
6月24日,委内瑞拉在不到一分钟内接连发生两次7级以上强震,委中部沿海地区是地震重灾区。罗德里格斯7月1日宣布,因“毁灭性地震”造成人员伤亡,自当天18时起进入为期7天的全国哀悼期。(完)
图说:6月24日,救援人员在委内瑞拉首都加拉加斯的一处建筑废墟工作。新华社发(马科斯·萨尔加多摄)








